ရှိုင်းသွင်သည် ဧည့်ခန်းတွင်ထိုင်ရင်း TVဖွင့်ကာ သတင်းနားထောင်နေမိသည်။ Dကတော့ Aအခန်းထဲ ဝင်အိပ်နေမည်ဆိုကာ အပေါ်တက်သွားသည်မှာ ကြာပြီဖြစ်သည်။
အမှန်ဆိုရလျှင် ရှိုင်းသွင် ကိုယ့်အိမ်ကိုယ် ပြန်ချင်သည်။ Phလေးတစ်callဖြစ်ဖြစ် ဆက်ကြည့်ချင်သည်။ သူသေတာမဟုတ်ကြောင်း...သူအဆင်ပြေနေကြောင်းပြောပြချင်သည်။ သို့သော် သူ့လက်ထဲတွင် ဆက်သွယ်စရာ တစ်ခုမှ မရှိ...။
ရှိုင်းသွင် ငိုင်တိုင်တိုင်နှင့်တွေးနေစဉ် ကားရပ်သံကြားလိုက်ရသည်။ မင်းဒသတို့ ပြန်လာပြီဆိုတာ သိလိုက်သည်နှင့်အတူ အိမ်ရှေ့တံခါးကို လော့ခ်ဖွင့်ပြီး စောင့်နေသည်။
ထို့နောက် နီးကပ်လာသည့်ခြေသံများနှင့်အတူ တံခါးဖွင့်ကာ အရင်ဝင်လာသူက ဧကရီ...။
"အမယ်လေး...ရှိုင်းသွင်...နင်ဘာမှမဖြစ်တာတော်ပါသေးရဲ့"
ဧကရီသည် ရှိုင်းသွင်ကိုမြင်သည်နှင့် တန်းဖက်လိုက်ကာ တရင်းတနှီးပင် နှုတ်ဆက်သည်။
"အဲ့လောက်မလိုပါဘူး"
တစ်ဆက်တည်း မင်းဒသ၏ အသံကိုပါကြားလိုက်ရသည်။ ဧကရီသည် ရယ်မောလျက် ....
"ဖက်ထားမှာ ရှိုင်းသွင်ကို...အား...ဖက်လို့ကောင်းလိုက်တာ"
"ကလေးကလားတွေ..."
မင်းဒသသည် ပြောလည်းပြော ဧကရီနှင့် ရှိုင်းသွင်တို့ကြားမှ တမင်ဖြတ်လျှောက်လျက် ဧည့်ခန်းထဲသို့ဝင်သွားသည်။ ထို့နောက် Aနှင့် ကိုးတို့ လိုက်ဝင်လာကြသည်။ ကိုးလက်ထဲမှာက အောက်ဆီဂျင်ဘူးကြီးနှင့်...ရှိုင်းသွင်မျက်နှာ အနည်းငယ်ပျက်ယွင်းသွားကာ....
"အားလုံးအဆင်ပြေရဲ့လား"
"အင်း...ပြေပါတယ်...ဟိုကောင့်အတွက် ပိုပိုလိုလို"(A)
"Kနဲ့ ကြံ့ကရော..."
"သူတို့က အလုပ်တွေရှိသေးလို့.."(ကိုး)
"လာ...ရှိုင်းသွင်...ငါတို့စကားပြောကြမယ်"
ဧကရီသည် ရှိုင်းသွင်လက်ကိုဆွဲကာ ခေါ်သွားသည်။ Aနှင့်ကိုး တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိသည်။ မင်းဒသက သူနေမကောင်းဖြစ်သည့်အကြောင်း တစ်ခွန်းမှ မဟရန် သတိပေးထားသည်။ ရှိုင်းသွင်ကို ကာကွယ်ပေးမည်ဟု ပြောထားသည့်သူက အားနည်းနေတာကို မသိစေချင်...။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
RandomDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
