(၄၇)

32.9K 3.7K 446
                                        

ဧကရီသည် ကိုးခိုင်းသည့်အတိုင်း ဆိပ်ကမ်းဘက်သို့ ကားအား ဒုန်းဆိုင်းမောင်းလာခဲ့သည်။ အနောက်မှ လိုက်လာသည့် ကား၃စီးကလည်း ထပ်ကြပ်မကွာပင်....။ သို့သော် ဧကရီ ကားနောက်ဖုံးအား အမြန်ဖွင့်ကာ သေနတ်ယူချိန်တော့ အချိန်ရလိုက်သေး၏ ။

ဧကရီသည် သေနတ်အား မောင်းတင်ပြီး ကားပေါ်မှဆင်းကာ ပုန်းရှောင်ရန် ကွန်တိန်နာသေတ္တာကြီးများနောက်သို့ အမြန်ပြေးသည်။

"မလွတ်စေနဲ့...တွေ့ရင် အသေသာပစ်"

ထိုစကားသံများကို ဧကရီသည် ပုန်းနေရင်း အတိုင်းသားကြားနေရသည်။ သွေးထွက်နေသည့် ပုခုံးအား တစ်ချက်ကြည့်လိုက်မိတော့ ကျည်ဆံဝင်နေသည်ဖြစ်သောကြောင့် စူးခနဲ နင့်ခနဲ အောင့်တက်နေသည်။ ထို့ကြောင့် ဧကရီသည် တစ်ဖက် ကွန်တိန်နာနောက်သို့ တိတ်တိတ်လေး ပြေးသွားပြီး ပုန်းလိုက်ကာ ထိုကျည်ဆံကို လက်ဖြင့် ဆွဲထုတ်တော့သည်။

နာလွန်း၍ အသံမထွက်မိစေရန် အောက်နှုတ်ခမ်းအား အသေဖိကိုက်ထားကာ လက်ညိုးနှင့် လက်မသုံး၍ ကျည်ဆံထွက်လာစေရန် အားကုန်သုံးပစ်လိုက်သည်။ ထို့နောက်တော့ ကျည်ဆံသည် အမှန်တကယ် ထွက်သွား၏ ။ ဧကရီသည် ယခုမှ အသက်ဝဝပြန်ရှူ နိုင်တော့သည်။

ဧကရီသည် ယခုထက်ထိလည်း မိမိအိမ်ကို phဆက်၍မရ...ဆက်လို့ရသည်ဆိုတာ ကိုးတစ်ယောက်သာ ရှိသေးသည်။ စိတ်ထဲမှလည်း မကောင်းသည့်ခံစားချက်များက ဆက်တိုက်ရနေသည်။ နိုင်ငံရေးဂိုဏ်းများ အိမ်တော်ကို ရောက်နေပြီလားဆိုသည့်အသိက လောလောဆယ် ဤအခြေနေနှင့် ရင်ဆိုင်နေရသည်ကိုပင် အစိုးရိမ်လွန်လာသည်။

"တွေ့ပြီလား...ဟိုဖက်မှာ မရှိဘူး...ဒီဘက်မှာ သေချာပြန်ရှာ"

ကြားလိုက်ရသည့်အသံသည် မိမိနှင့် အလွန်နီးကပ်နေသည့်နေရာမှဖြစ်ကြောင်း ဧကရီသိလိုက်သည်။ ထို့ကြောင့် သေနတ်အား အသင့်ပြင်ထားကာ အသက်တောင်ပြင်းပြင်းမရှူဘဲ စောင့်နေလိုက်သည်။

ထင်ထားသည့်အတိုင်း ရိုင်ဖယ်ကိုင်ထားသည့်သူတစ်ဦး၏ ခြေထောက်တစ်ဖက်သည် ဧကရီ့မြင်ကွင်းဆီသို့ ပေါ်လာသည်။ သို့သော် ဧကရီ မပစ်သေး...အဘယ်ကြောင့်ဆိုသော် ထိုလူသည် ဘေးဘီဝဲယာကို မကြည့်ဘဲ လျှောက်နေသောကြောင့် ကွန်တိန်နာအကွယ်တွင် မတ်တပ်ရပ်နေသည့် ဧကရီ့ကိုမမြင်ပေ...။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now