(၄)

69.4K 6.1K 127
                                        

မနေ့က ဆရာဝန်သည် အရောင်ကျဆေးနှင့် အကိုက်ခဲပျောက်ဆေးပေးလိုက်တာက အတော်ပင်အကျိုးထူးသည်။ အညိုကွက်တွေနှင့် အနည်းငယ်ပေါက်ပြဲနေမှုတို့က လုံးလုံးမပျောက်သေးသော်လည်း အရောင်ကျဆေးကြောင့် ကြည့်ရတော့မဆိုးနေ...။ ကျွန်တော်ကားပါကင်ထိုးအပြီး ကားပေါ်ကမဆင်းသေးပဲ ဟိုကြည့်ဒီကြည့်လုပ်နေသေးသည်။ ဟိုတစ်ယောက်ကို တွေ့လိုတွေ့ငြားပေါ့။ သို့သော် အကြောင်းမထူး....။

ရှိုင်းသွင်တစ်ယောက် ကျောင်းအပေါက်ဝရောက်သည်နှင့် ရွှန်းက ဘယ်ကဘယ်လို သူ့ဆီပြေးလာမှန်းမသိ...။

"ရှိုင်း...အဆင်ပြေရဲ့လား...ရွှန်း ရှိုင်းအကြောင်းကိုကြားတယ်...ချစ်ပြောပြတာ"

"အာ...ပြေပါတယ်...ဆေးခန်းသွားထားလိုက်တော့ အတော်လေးနေရတာ အဆင်ပြေပါတယ်"

"ကြည့်ပါဦး...မျက်နှာလှလှလေးတော့ ထိရက်စရာတောင်မရှိတဲ့ဟာကို"

ရွှန်းစကားကြောင့် ကျွန်တော်ရှက်သွားမိသည်။ ဘယ်လိုကြီးပါလိမ့်...မျက်နှာလှလှလေးတဲ့...။

"ရွှန်း သူငယ်ချင်းတွေကိုစောင့်နေတာလား"

"မဟုတ်ဘူး...သူငယ်ချင်းတွေကရောက်ပြီ...ရှိုင်းခဏနေလာလိမ့်မယ်ဆိုပြီး ချစ်ကပြောသွားလို့ စောင့်နေတာ"

သြော်...ဘယ်လိုတောင် ပွင့်လင်းမှုရှိနေသော ကောင်မလေးပါလိမ့်။

"ဟို...."

"ရှိုင်း ကော်ဖီကြိုက်လား...ရွှန်း ကော်ဖီလိုက်ဝယ်တိုက်မယ်လေ...ပြီးရင် အတန်းတက်ဖို့ အတူတူသွားကြမယ်"

ရှိုင်းသွင် ဘာမှထပ်ပြီးပြောချိန်မရလိုက်...ရွှန်းက လက်မောင်းကိုဆွဲဖက်ပြီး ကန်တင်းဘက်သို့ခေါ်လာသည်။

_မှားနေပြီ....မှားနေပြီလို့...စိတ်နဲ့ကိုယ်နဲ့များ ညစ်ပါရဲ့။

Social majorမှ princessက ကျွန်တော့်လက်မောင်းကို ဆွဲကာ ခေါ်လာသည်မို့ အနည်းနှင့်အများတော့ လူကြည့်ခံရသည်။ ရွှန်းသည် ကော်ဖီရောင်းသည့်ကောင်တာဆီကိုရောက်တော့...

"ရှိုင်း ဘာသောက်မလဲ"

"Latteသောက်မယ်လေ"

"အို့....ရှိုင်းကို black တို့ americanoတို့ကြိုက်မယ်ထင်ထားတာ"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now