(၄၈)

32.8K 3.7K 316
                                        

မင်းဒသရှိရာဆေးရုံသို့ အလည်ရောက်လာသော ခွန်နဝီ...။ ရုပ်ဖျက်ဝတ်စားထားကာ ဘေးမှ သက်တော်စောင့်နှစ်ယောက်က အဘိုးအိုကို တွဲလာပေးကာ ဆေးရုံလာပြသည့်အသွင်ယူ၍ ရောက်ရှိလာခဲ့သည်။ လက်ဆွဲအိတ်တစ်လုံးလည်း ပါလာသေး၏ ။

အသင့်စောင့်ကြိုနေသော Dသည် ရိပ်စားမိသောကြောင့် လမ်းပြသလိုလိုဖြင့် မင်းဒသရှိရာ အခန်းသို့ ခေါ်လာခဲ့သည်။

အခန်းထဲရောက်သည်နှင့် မင်းဒသသည် ကုတင်ပေါ်တွင် နောက်ကျောအမှီတစ်ခုဖြင့် ထိုင်နေလျက် ရှိုင်းသွင်သည် ခပ်တည်တည်ပင် ဘေး၌ လက်နှစ်ဖက်အနောက်ပစ်လျက် မတ်တပ်ရပ်နေသည်။ မသိလျှင် မင်းဒသ၏ သက်တော်စောင့်လိုလို ဘာလိုလိုပုံစံပင်...။ စိတ်ထဲတွင်တော့ ဘိန်းရာဇာခွန်နဝီကို မျက်ဝါးထင်ထင်မြင်တွေ့ရမိသဖြင့် စိတ်ထဲတွင်ကျေနပ်နေမှုများကအပြည့်...။

"မင်္ဂလာဗျ ခွန်နဝီ"

"မင်္ဂလာပါ မိတ်ဆွေကြီးရေ"

ခွန်နဝီနှင့် မင်းဒသတို့ တစ်ယောက်နှင့်တစ်ယောက် လက်အုပ်ချီနှုတ်ဆက်ကြသည်။

"ဒီလောက်တောင်ဖြစ်သွားမယ် မထင်ဘူးဗျာ..."

ခွန်နဝီသည် ကုတင်ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်ရင်း အံ့သြစွာဖြင့် ပြောလိုက်သည်။ မင်းဒသကတော့ ရယ်ရင်းဖြင့်....

"ဟုတ်တယ်...ကျွန်တော်လည်း ခင်ဗျားမရှိတဲ့အချိန်တွေမှာ ဖြတ်သန်းလိုက်ရတာတွေက တော်တော်များတယ်ဗျ"

"ကျွန်တော့်ကို ကူညီပေးတာ ကျေးဇူးတင်ပါတယ်...မိတ်ဆွေကြီးသာ မရှိရင် ကျွန်တော် ဒီအပြင်လောကကို ပြန်ရောက်လာနိုင်မှာမဟုတ်ဘူး"

"မိတ်ဆွေရင်းတွေပဲ...တတ်နိုင်သလောက်တော့ ကူညီရမှာပေါ့ဗျာ"

"ဒါနဲ့...ဒါလေး ဘာရယ်မဟုတ်ပေမယ့် လက်ခံပေးပါ"

အသင့်ပါလာသော လက်ဆွဲအိတ်အနက်ရောင်လေးအား ခွန်နဝီက မင်းဒသလက်ထဲထည့်ပေးသည်။

"ဟာဗျာ...မဟုတ်တာဘဲ"

"ဘယ်လိုမှ သဘောမထားပါနဲ့...ဒါက သက်သက်ပါ...တကယ့်ကျေးဇူးဆပ်နည်းကတော့ မြွေပွေးတစ်ကောင် ဒုက္ခပင်လယ်ဝေနေတာ ကျွန်တော်သိပါတယ်...ပြောပါ...အားနာစရာမလိုပါဘူး...လိုချင်တဲ့ အကူညီကိုသာ ပြောပါ"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now