(၅၅) Ending

58.2K 4.6K 1.1K
                                        

"ဒသရေ..."

ဆေးရုံအခန်းထဲတွင် အသံနက်ကြီးဖြင့် အော်ကာ သတိပြန်ရလာသည့် ရှိုင်းသွင်...။

ဘေးမှ ထိုင်နေသည့် ချစ်ရိပ်မေက ရှိုင်းသွင်အား ပြေးဖက်ထားကာ....

"ရှိုင်းရေ...ဘာမှမဖြစ်ဘူးလေ...အဆင်ပြေတယ်လေနော်..."

ရှိုင်းသွင်သည် အပြူးပြူး အကြောင်ကြောင်ဖြင့် ကုန်းရုန်းထကာ ချစ်ရိပ်မေလက်အား ဆွဲထားရင်း....

"ဒသရော...ဒသ...ငါ့ကောင်လေးရော...သူဘယ်မှာလဲ"

"သူအဆင်ပြေတယ်...သူအဆင်ပြေတယ်...သူက အခြားအခန်းမှာ...ငြိမ်ငြိမ်လေးနေပါဟာ...နင့်ဒဏ်ရာနဲ့"

သို့မှ ရှိုင်းသွင် တခဏငြိမ်သွားရင်း အခန်းတွင်းသို့ကြည့်မိသည်။ မင်းဓနလည်းရှိသည်...ဧကရီလည်းရှိသည်...ရွှန်းလည်းရှိသည်...ကိုးလည်းရှိနေသည်...ဒေါ်သက်ထားသွင်လည်းရှိသည်။

"ဒသက နေကောင်းပါတယ်..."(ကိုး)

"ဟင်...ကိုး..."

ရှိုင်းသွင်သည် ကိုးအားကြည့်ပြီး မင်းဓနအားတစ်ချက်ပြန်ကြည့်သည်။ မင်းဓနသည် ရှိုင်းသွင်အား မသိမသာ မျက်စိတစ်ဖက်မှိတ်ပြသည်။ သည်လောက်ဆို ရှိုင်းသွင် သဘောပေါက်ပါပြီလေ...ထို့ကြောင့် ရှိုင်းသွင်မျက်နှာသည် ပြုံးစပြုလာတော့သည်။

"ဖေဖေလည်း တော်တော်အဆင်ပြေနေပြီသားကြီးရဲ့...သားနေကောင်းဖို့ပဲ လိုတော့တာ....သားကိုကယ်ခဲ့တဲ့ကောင်လေးလည်း အဆင်ပြေတာမို့ သားသာနေကောင်းအောင်နေပေးပါ"

ဒေါ်သက်ထားသွင်က ရှိုင်းသွင်ခေါင်းလေးအား ပွတ်သပ်ကာပြောတော့ ရှိုင်းသွင်က အံ့သြသည့်ပုံဖြင့် ပြန်ကြည့်သည်။ သူ့အမေက ဒသကို သူ့ကောင်လေးဆိုတာ လက်ခံသွားတာလား။

ဤသည်ကိုသိသော ဒေါ်သက်ထားသွင်က....

"မေမေနားလည်တယ်...ဖေဖေလည်း နားလည်နိုင်လောက်တယ်...မေမေ အကောင်းဆုံးရှင်းပြပေးမှာမို့လို့"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now