(၂၀)

39.5K 3.8K 99
                                    

တနင်္ဂနွေမနက်ပိုင်းလေးကို အေးအေးဆေးဆေးလေး အိပ်ရမည် ထင်မိသည်။ သို့သော်....အရိပ်မ၏ စပ်စလူးထလာမှုကြောင့် ထိုအတွေးအထင်လေးက ပျက်သွားရချေသည်။

"ရှိုင်း...ရှိုင်း...ထစမ်း...ထစမ်း..."

"ဟာ...ကျီးကန်းမရယ်...မနက်စောစောစီးစီး ဘာလာလုပ်တာလဲ"

ရှိုင်းသွင် အိပ်မှုန်စုန်ဝါးဖြင့် ထလာကာ အခန်းတံခါးဖွင့်ပေးရင်း မကြည်မသာ ဆောင့်အောင့်မေးမိသည်။

"ဟီး...မနက်စာလာစားတာ....အိမ်မှာ ဘယ်သူမှမရှိဘူးလေ...ငါတစ်ယောက်တည်းရယ်...ဗိုက်ဆာပြီ...မနက်စာ တစ်ခုခုလုပ်ကျွေးပါ"

"နင်အခု မနက်စာစားရဖို့ တကူးတက သူများအိမ်ကို စောစောစီးစီးရောက်လာပြီး ကျီးလိုလာအာနေတာလား"

"မစောပါဘူး...ဦးနဲ့ အန်တီတောင်နိုးနေပြီ"

"အဲ့ဒါ သူတို့နဲ့ စားပါလား"

"ဟီး...ငါက U.Sဆန်ဆန် ပန်ကိတ်နဲ့ ပျားရည်လေးနဲ့ စားချင်လို့ပါ...ပန်ကိတ်လုပ်ကျွေး"

"Sortyပဲ...လမ်းထိပ်မှာ ဘိန်းမုန့်ရောင်းတဲ့အဒေါ်ကြီးရှိတယ်...သွားဝယ်စား"

"သေနာလေး...."

"ဟာ...ဆူညံနေတာပဲနော်"

မျက်နှာချင်းဆိုင်အခန်းမှ ရှိုင်းယံတစ်ယောက် ခေါင်းကုပ်လျက်ထွက်လာရင်း ရှိုင်းသွင်နှင့် ချစ်ရိပ်မေကြားတွင် ဝင်ရပ်လိုက်သည်။

"တွေ့လား...နင်လုပ်လို့ ငါ့မောင်လေး အိပ်ရေးပျက်သွားပြီ"

"မမအရိပ်က ဒီနေ့အစောကြီးပဲ....သွားစရာရှိလို့လား"

"မဟုတ်ဘူး...မနက်စာလာစားတာ...ဟီး...အိမ်မှာ မနက်စာပြင်ကျွေးမယ့်သူတွေ ရှိကြဘူး...မမဘဝက တကယ်သနားစရာလေး"

"အာ...ဒီကိုလာတာ မှန်တာပေါ့"

"အဲ့ဒါပြောတာပေါ့...ပန်ကိတ်လေးစားချင်လို့ဟာကို...အဲ့မှာလေ လုပ်မကျွေးချင်ဘူး"

"နေဦး...ကျွန်တော် မျက်နှာသွားသစ်ဦးမယ်...ပန်ကိတ်က ကျွန်တော်လုပ်တတ်တယ်"

"ဟယ်...ငါ့မောင်လေးသာ အကောင်းဆုံးပဲ...မမစောင့်နေမယ်..ဟီး"

ပျော်ရွှင်စွာဖြင့် ကလေးလို အောက်ထပ်ကို ပြေးဆင်းသွားသော ချစ်ရိပ်မေကို ကြည့်ရင်း ရှိုင်းသွင်သြချသည်။ သာယာနေတာ နှစ်ယောက်က...။ ကို့ညီရုပ်ကို ပြန်ကြည့်တော့ စပ်ဖြီးဖြီးနဲ့...။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now