(၃)နှစ်ခန့်ကြာသော် ....
ရန်ကုန်မြို့တစ်နေရာ ....
.
.
.
"ဒယ်ဒီ...ဒယ်ဒီ"
ချစ်စရာအသံချိုချိုလေးဖြင့် မင်းဒသရင်ဘတ်ပေါ်သို့ အတင်းခွတက်နေသော သံလွင်ရှိုင်းလေး...။
"ဟိတ်...သမီးလေး...ဒယ်ဒီ့ရင်ဘတ်ပေါ်ကို တက်မထိုင်ရဘူးလို့ ဖေဖေမှာထားတယ်လေ...ဒယ်ဒီ နေမကောင်းဖြစ်လိမ့်မယ်လေ..."
"အာ ဟုတ် ဖေဖေ...sorry ဒယ်ဒီ"
ရှိုင်းသွင်က ရေချိုးပြီးထွက်လာရင်း သံလွင်ရှိုင်းတစ်ယောက် မင်းဒသရင်ဘတ်ပေါ်သို့ ခွတက်နေသည်ကို မြင်သွားတော့ သတိပေးရသေးသည်။ မင်းဒသကတော့ ရယ်နေသည်။ သံလွင်ရှိုင်း၏ ကိုယ်သေးသေးလေးအား ဖက်လိုက်ကာ ရင်ခွင်ထဲ ထည့်ထားလိုက်ပြီး စောင်များဖြင့် လုံးထွေးလျက် ပြန်အိပ်ချင်ယောင်ဆောင်သည်။
"ဒယ်ဒီ...ဒယ်ဒီရေ...သမီးရဲ့ဒယ်ဒီရေလို့...ဖေဖေ...ဒယ်ဒီက ယောင်နေတာလား"
ရှိုင်းသွင်က အင်္ကျီထုတ်နေရင်း ရယ်လိုက်ကာ...
"ဟုတ်တယ် သမီးရေ...ယောင်နေတာ...ရအောင်နှိုး...နှိုးမရရင် ကိုက်ဆွဲပစ် ဒယ်ဒီ့ကို"
ရှိုင်းသွင်ပြောသည့်အတိုင်း သံလွင်ရှိုင်းလေးတစ်ယောက် မင်းဒသ၏ လက်မောင်းအား သွားသေးသေးလေးများဖြင့် ကိုက်တော့သည်။ နာတော့မနာသော်လည်း မင်းဒသတစ်ယောက် အသံပြဲဖြင့် တမင်ထအော်၏ ။
"အား...သားအဖနှစ်ယောက် ဝိုင်းနှိပ်စက်နေကြတယ်...ငိုမှာနော်"
"ဟီး...ဟီး...ဒယ်ဒီနိုးသွားပြီ ဖေဖေရေ..."
အပြုံးချိုချိုလေးများဖြင့် မျက်လုံးလေးများ ပိတ်အောင် ရယ်နေသော သံလွင်ရှိုင်းလေးအား မင်းဒသကြည့်နေမိသည်။ သမီးလေးက အတော်ကို ပြည့်စုံတာ...လို့လည်း တွေးနေမိသေး၏ ။
ထို့နောက် သံလွင်ရှိုင်း၏ နှာတံသွယ်သွယ်လေးကို နမ်းလိုက်ရင်း...
"ဒယ်ဒီ့ကို အဲ့လိုလုပ်ရတာ ပျော်လား"
"ဒယ်ဒီ နာသွားလို့လား...မီးမီးကိုက်တာ နာသွားရင် ဒယ်ဒီ့ကို ဖူး ဖူး မှုတ်ပေးမယ်လေ"
"အမယ်လေးနော်...အဲ့ဒါလေးတွေကို ချစ်နေရတာ...အချစ်လွန်ပြီး သေတော့မှာပဲ သမီးလေးရဲ့"
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
RandomDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
