ဒီအပိုင်းလေးက ရှိုင်းသွင်နဲ့ မင်းဒဿတို့ ကောလိပ်ခ်ျတက်နေချိန်လေးကို သတိရမိလို့ ရေးပေးတာပါ။ သူတို့နှစ်ယောက် ကျောင်းတောင် သေချာမတက်ခဲ့ရဘူးမလား ဟီး။
___________________________________________________
Unicode
February 14ဆိုတာ ကမ္ဘာကျော်တဲ့ နေ့လေးတစ်နေ့....။ နိုင်ငံအတော်များများရဲ့ နေရာအနှံ့အပြားမှာ ချစ်တဲ့သူတွေဆီ လက်ဆောင်တွေ ဝေဆာတဲ့နေ့လေးတစ်နေ့ပေါ့။
ကျွန်တော်တော့ နိုးနိုးချင်း ဒဿအတွက် ရည်ရွယ်ပြီး ဝယ်ထားတဲ့ လက်ဆောင်လေးကို သူ့ကို ဘယ်လိုပေးရပါ့မလဲ။ သူငယ်ချင်းတွေလည်း ကျွန်တော်တို့တွဲနေတာကို မသိကြသလို သိရင်လည်း သဘောကျမှာမဟုတ်ဘူး။ ဟူး....
ရှိုင်းသွင်တစ်ယောက် ကုတင်ဘေး၌ရှိနေသော မီးအိမ်တင်သည့်ခုံလေးမှ အံခွက်လေးကိုဖွင့်ကာ မင်းဒဿအတွက် ပေးရန် ဝယ်ထားသော လက်ဆောင်ဘူး အနီလေးကို ထုတ်ကြည့်မိသည်။ လက်ဆောင်ဘူးအနီလေးသည် လက်တစ်ကိုင်စာလောက်သာရှိသော အသေးစားလက်ဆောင်လေးပင်။ ဤသည်ကို ရှိုင်းသွင် ခေါင်းခြောက်အောင် စဉ်းစားခဲ့ရတာဖြစ်သည်။ ဒဿမြင်ရင်လည်း သဘောကျမှာပါဟူ၍ အားပေးလျက် ဝယ်ထားခဲ့ခြင်းဖြစ်သည်။
ယနေ့ ချစ်ရသူများနေ့လေးမို့ ရှိုင်းသွင် စိတ်လှုပ်ရှားနေတာအမှန်။ ယခင် ချစ်ရသူများနေ့များ၌ သူ့တွင် အဖော်မရှိခဲ့။ အရိပ်နှင့်သာ တဟီးဟီး တဟားဟား ဖြတ်သန်းခဲ့ရသည်။ ယနေ့တော့ သူ့မှာ မင်းဒဿဟုခေါ်သည့် လူဆိုးကောင်ရှိလာပြီလေ။
"ဘရို...အနံ့တွေမွှန်ကုန်ပြီ"
အခန်းထဲမှ ထွက်လာလာခြင်း ရှိုင်းယံကလည်း သူ့အခန်းမှ ထွက်လာချိန်နှင့်တိုးသောကြောင့် အစ်ကိုဖြစ်သူကို စနောက်လိုက်သည်။
"ငါတို့က အမြဲ ဒီတိုင်းပဲ"
ထိုသို့ချေပလျက် အောက်ထပ်သို့ အမောတကောပြေးဆင်းလာသည်။ သို့သော် ထမင်းစားခန်းထဲ မည်သူမျှမတွေ့။ မနက်စာတွေတော့ စုံပလုံစိနေအောင်ပြင်ထားသည်။
"မေမေရေ...."
ရှိုင်းသွင်သည် ဒေါ်သက်ထားသွင် ဘယ်ရောက်နေလဲ သိလိုသိငြား အော်ခေါ်ကြည့်သည်။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
РазноеDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
