ညအချိန်သည် ကိုးနာရီဆယ်မိနစ်....
Five stars hotel(သို့) မှောင်ခိုလောကသားများအများဆုံးရှိသည့် hotelကြီး ရှေ့တွင် မင်းဒသသည် ဆိုင်ကယ်ကို မှီကာ စီးကရက်တစ်လိပ်ကို အရသာခံသောက်နေသည်။ လက်တွင် ပတ်ထားသော နာရီကို တစ်ချက်ကြည့်ရင်း ဆေးလိပ်အခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။ မကြာခင်အချိန်မှာပဲ အနက်ရောင်ဇိမ်ခံကားတစ်စီးက hotelရှေ့ကို ရောက်လာသည်။ ကားပါကင်သေချာထိုးပြီးသည်နှင့် ထိုကားပေါ်မှ ကိုးနှင့် Dတို့နှစ်ယောက် ဆင်းလာကြသည်။ မင်းဒသ သူတို့ကို မြင်သည်နှင့် သောက်လက်စ စီးကရက်ကို ပစ်ချကာ ခြေထာက်ဖြင့်နင်း၍ မီးသတ်လိုက်သည်။
ထို့နောက် သူတို့သုံးယောက်အတူ hotelထဲသို့ ဝင်လာသည်။ နက်ကတိုင်မပါပဲ အနောက်တိုင်းဆန်ဆန် suitအပြည့်ဝတ်ထားပြီး အမည်းရောင် စလွယ်သိုင်းအိတ်များကို လွယ်ထားကြသည်။ Hotelအတွင်းတွင် လူတော့ရှင်းနေသည်။ အပြင်ဧည့်သည် သိပ်မဝင်၍ ဖြစ်မည်ထင်သည်။ Hotel Receptionမှ ဝန်ထမ်းများက မင်းဒသကို မြင်သည်နှင့် လန့်သွားသည့် အမူအယာများဖြင့် .....
"အာ...ဆရာ...ကျွန်တော်တို့ဆီ အလည်လာတာပါလား"
"အရေးမပါတာတွေမပြောဘဲ....နဂါးဂိုဏ်းက "ရှောင်"(Sean)ဆိုတဲ့ကောင် ဘယ်အခန်းနဲ့ ဘယ်အထပ်မှာလဲပြော"
မင်းဒသ ဘောင်းဘီအိတ်ကပ်ထဲကို လက်နှိုက်ကာ မေးလိုက်သည်။ ဝန်ထမ်းများလည်း ကြည့်ရတာ အခြေနေမဟန်သည်ကို ရိပ်မိပုံပေါ်သည်။ ဘယ်သူတစ်ယောက်ကမျှ အသံမထွက်ရဲကြ...။
"ဘာလဲ...လျှာတွေလေဖြတ်သွားတာလား...ဒုက္ခိတဘဝနဲ့ဆက်မနေရအောင် ရင်ဘတ်ထဲ ကျည်ဆန်ဖြတ်ပေးလိုက်ရမှာလား...ငါနောက်တစ်ခေါက် ထပ်မမေးဘူးနော်"
"ဟို..ဟို...ကျွန်တော်တို့ ဧည့်သည်တွေရဲ့ လုံခြုံရေးအရ ပြော...ပြောလို့...မရပါဘူး"
"ကောင်းပြီ"
စကားသံနှင့်အတူ ဇီဝိန်ချုပ်သွားသော အလောင်းတစ်လောင်း....အသံတိတ်သေနတ်နှင့် ရင်ဘတ်ဆီသို့ ပစ်လိုက်သည်မို့ မည်သူမျှတော့မရိပ်မိကြ....။
မင်းဒသ သေနတ်ကို ခါးကြားထဲ ပြန်ထိုးထည့်လိုက်သည်။ ပြီးနောက် ကျန်ဝန်ထမ်းများကို တစ်ချက်ပြန်ကြည့်သည်။ ဝန်ထမ်းများအားလုံး ကြောက်ကြောက်လန့်လန့်နှင့် အသံတစ်သံပင်ထွက်လာဖို့ မရဲကြ...။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
Ngẫu nhiênDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
