ရှိုင်းသွင်တစ်ယောက် ယနေ့မနက် သံလွင်ရှိုင်းလေးအား အိပ်ယာနှိုးရန် အခန်းဆီသို့ရောက်လာတော့ သမီးဖြစ်သူကို ကုတင်ပေါ်၌မတွေ့....။ စိတ်ထဲ ထိတ်ခနဲဖြစ်သွားပြီးမှ သတိရသွားသည်က မင်းဒသ မနေ့ညက အောက်ထပ်၌ အိပ်ရသည်လေ...။ ထို့ကြောင့် အောက်ထပ်သို့ ဖြည်းဖြည်းချင်းဆင်းလာရင်း ဧည့်ခန်းဘက်သို့ ထွက်လာခဲ့သည်။
ထင်ထားသည့်အတိုင်း သံလွင်ရှိုင်းက မင်းဒသရင်ဘတ်ပေါ်မှာ ကားယားလေးခွလျက်အိပ်ပျော်နေသည်။ နားပါးလွန်းသည့် မင်းဒသကတော့ ရှိုင်းသွင်ရောက်လာသည်ကိုသိ၍ ပက်လက်အနေထားဖြင့် မော့ကြည့်သည်။ သို့သော် ရှိုင်းသွင်ကတော့ သူ့အားကြည့်သည်နှင့် ချက်ချင်းဧည့်ခန်းထဲမှ ထွက်သွားသည်။
မင်းဒသသည် သက်ပြင်းချရင်း သံလွင်ရှိုင်းလေးအားကြည့်တော့ ကလေးက လေမှုတ်သံလေးတွေထွက်ပြီးတောင် အိပ်ပျော်နေတာ...။ မင်းဒသသည် သဘောကျ၍ ပြုံးမိလိုက်သည်။ ထို့နောက် သံလွင်ရှိုင်းလေးအား ဆိုဖာပေါ်၌ သိပ်ထားခဲ့ဦးမည်အလုပ် သံလွင်ရှိုင်းက မျက်လုံးဆတ်ခနဲ ဖွင့်လာသည်။ ပြီးနောက်....
"ဒယ်ဒီ...ဖေဖေအစောက မီးမီးတို့ကို လာချောင်းကြည့်သွားတယ်"
သံလွင်ရှိုင်း၏ အာရုံခံစားမှုအား အံ့သြလွန်း၍ မင်းဒသတောင် မျက်လုံးအပြူးသားဖြင့် ပြန်ကြည့်နေမိရတဲ့အဖြစ်....။
"သမီး...သမီးအစောက အိပ်ပျော်နေတာကို...ဘယ်လိုလုပ်..."
"ဖေဖေ့ရေမွှေးအနံ့ကို မီးမီးသိတယ်လေ...ဒယ်ဒီ့အသက်ရှုသံကိုလည်း မီးမီးသိတယ်...မီးမီးက တကယ်အိပ်မနေဘူး...မီးမီးက နိုးလည်း နိုးတယ်...အိပ်လည်းအိပ်တယ်"
"အာ...."
ထိုအာမေဋိတ်သံတစ်လုံးမှလွဲပြီး မင်းဒသတစ်ယောက် ဘာမှထပ်မပြောနိုင်ပါ။ မိမိသမီးဖြစ်သူကို ပြန်လန့်လာရတဲ့အဖြစ်...။ သံလွင်ရှိုင်းမသိဘူးဆိုတာ မရှိသလောက်ဖြစ်နေပြီလားဟုတောင် မင်းဒသတွေးချင်လာသည်။ သူ့လိုအအိပ်ဆတ်တာလည်း တစ်ပုံစံတည်းပင်။
"ဒယ်ဒီ...မီးမီးတို့ ဖေဖေ့ကို သွားချော့မယ်လေ"
"အင်း...အင်း...သမီး အိပ်ရေးဝရဲ့လား"
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
Ngẫu nhiênDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
