"ဒါတွေက အန်ကယ် နောက်ထပ်ရှာတွေ့ထားတာတွေပဲ"
ဦးမိုးယံနှင့် မင်းဓနတို့ စာကြည့်ခန်းထဲတွင် စကားပြောခန်းဖွင့်နေကြသည်။ ဦးမိုးယံထပ်ပေးသော fileအိတ်ကို မင်းဓနလှမ်းဆွဲယူပြီး ဖွင့်ကြည့်တော့....
"ဟင်...အန်ကယ်...ဒါတွေက အကုန်မူရင်းတွေ"
"ဟုတ်တယ်...သားဆီမှာ ပိုစိတ်ချရတယ်...အန်ကယ်တို့ ဒီအမှုကို ပြန်ဖော်မယ်ဆိုတာ သိတဲ့သူတွေက သိနေပြီ...ဒီတော့ အန်ကယ့်ဆီမှာ မူရင်းတွေထားရင် စိတ်မချရဘူး"
ဦးမိုးယံ၏ စကားအသွားအလာကို နားလည်သောကြောင့်....
"မဖြစ်ပါဘူး...အန်ကယ်...အန်ကယ့်လုံခြုံရေးအတွက် ကျွန်တော်စီစဉ်ပါ့မယ်...အဖေ့လိုမျိုးတော့ အန်ကယ့်ကို ဖြစ်ခွင့်ပေးမှာမဟုတ်ဘူး"
"ငါ့တူပြောသလိုဖြစ်ရင်ကောင်းမယ်....ဒါမှ အန်ကယ် မတရားလုပ်နေတဲ့သူတွေအတွက် ဥပဒေကို ပြန်ပြင်လို့ရမှာ...ဥပဒေလမ်းကြောင်းထဲမှာ ရောက်နေတဲ့ သူတို့တွေကို ပညာအရမ်းပြချင်နေပြီ...သည်းခံလာခဲ့ရတာ နှစ်ပေါင်းကြာပြီ...နိုင်ငံကို ဝါးမြိုနေခဲ့တာ အဖက်ဖက်ကနေ...သူတို့မျိုးတုံးမှပဲ အနေအေးနိုင်မယ်"
"S-8အဖွဲ့ရှိနေလည်း ဒုံးရင်းက ဒုံးရင်းပါပဲ အန်ကယ်...သူတို့လုပ်တဲ့ကိစ္စတွေဆို coverတောင် လိုက်လုပ်ပေးနေရသေး...အဆိုးဆုံးက scorpionရှိနေတာပဲ"
"Scorpionနဲ့ S-8ဆိုတာ နိုင်ငံတော်အတွက် အမှောင်နဲ့ အလင်းပါ ...scorpionတွေက မမြင်ရတဲ့ အမှောင်ဖက်ခြမ်းကနေ နိုင်ငံရေးထဲ ဝင်ရှုပ်မယ်...ကစားမယ်...နိုင်ငံတော်ကို မကောင်းကြံနေတဲ့သူတွေနဲ့ ပေါင်းမယ်၊ S-8ကတော့ နိုင်ငံအတွက် ကြိုးစားနေရပေမယ့် လူကြားကောင်းအောင် ဖွဲ့ထားရတဲ့ အဖွဲ့လိုပဲ...သူတို့နဲ့ ပတ်သက်လာရင် ငြိမ်ခံနေရတယ်"
"ဒါပေမယ့် ကျွန်တော် scorpionတွေနဲ့ တွေ့ဖို့ လမ်းစတော့ တွေ့ထားပါပြီ...သူတို့ဂိုဏ်းအင်အားကိုကြည့်ပြီး ခွင်းပစ်ဖို့စီစဉ်ရမယ်...သူတို့ဂိုဏ်းပြုတ်သွားရင် အဖေ့အတွက် လက်စားချေဖို့ လူစာရင်းကလည်း autoပြုတ်လာတော့မှာ"
ဦးမိုးယံက ခေါင်းညိမ့်ပြသည်။
"ဒီလိုပဲ ဖြည်းဖြည်းချင်း လမ်းစရှာရင်းနဲ့ အမှန်တရားကို ဖော်ထုတ်ကြတာပေါ့ကွာ"
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
RandomDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
