ညနေခင်း ဆည်းဆာကျချိန် အချိန်ကောင်းလေး၌ လေပြေအေးအေးလေး၏ လှုပ်ရှားသက်ဝင်နေမှုအား ခံစားနေသည့် ကောင်လေးနှစ်ယောက်ရှိနေသည်။
"ဆေးလိပ်တွေချည်းသောက်မနေနဲ့တော့"
ရှိုင်းသွင်တစ်ယောက် ကားကိုကျောပေးကာ မှီထိုင်နေသည့် မင်းဒသအား မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ဤသည်ကိုသိသော မင်းဒသက ရှိုင်းသွင်အား မိမိအနားသို့ လာထိုင်ရန် လက်ယက်ခေါ်လိုက်လေသည်။
ထို့ကြောင့် သောက်လက်စ စီးကရက်အား မြေပြင်ပေါ်ချကာ ခြေထောက်ဖြင့် နင်းချေသတ်ပြီးသည်နှင့် ရှိုင်းသွင်သည် မင်းဒသအနားသို့ လာကပ်ထိုင်သည်။
"အခုငါက မင်းဖြစ်နေပြီ"
ရှိုင်းသွင်စကားကြောင့် မင်းဒသပြုံးမိသည်။
"ဒါ ငါအမြဲလိုချင်နေတဲ့အရာပဲ"
"ဘာကိုလဲ"
ဒူးနှစ်ဖက်အားထောင်လိုက်ပြီး ခေါင်းလေးမှေးတင်ရင်း မင်းဒသအားပြန်ကြည့်ကာ ရှိုင်းသွင် မေးခွန်းထုတ်လိုက်သည်။ မိမိကောင်လေးအားကြည့်ကာ ပြုံးလို့ပြုံးမိနေမှန်းတောင်မသိရသော မင်းဒသသည် ရှိုင်းသွင်၏ ဆံပင်လေးများအား သပ်တင်ပေးကာ....
"ငါစဉ်းစားခဲ့တာ....တစ်နေ့ ကိစ္စတွေအားလုံးပြီးသွားချိန် မင်းနဲ့နှစ်ယောက်တည်း ဆိုင်ကယ်ပတ်မောင်းရင်း ဒီလိုလူမရှိတဲ့ လမ်းမကြီးဘေးမှာ လာထိုင်မယ်...ပြီးရင် ငါတို့အတူတူထိုင်ပြီး စကားတွေပြောမယ်...အဲ့လိုပေါ့...ဒါက ငါ့အိမ်မက်လိုကို ဖြစ်နေခဲ့တာ"
"ဒါဆိုအခုမင်းအိမ်မက်ကြီးဖြစ်လာပြီပေါ့"
"အင်း...ဆိုင်ကယ်မဟုတ်ဘဲ ကားဖြစ်သွားတာလေးက လွဲရင်ပေါ့"
ရှိုင်းသွင်သည် ရယ်ရင်း....
"မင်း ဆိုင်ကယ်မောင်းလို့မရဘူးလေ...မင်းအတွက် လေယာဉ်စီးတာတောင် အရမ်းဂရုစိုက်ရတယ်မလား...ငါမင်းကို အထိခိုက်မခံနိုင်ဘူး"
"ချစ်တယ်..."
ထိုသို့ပြောပြီး မင်းဒသသည် ရှိုင်းသွင်နှုတ်ခမ်းလေးအား ခပ်ဖွဖွနမ်းလိုက်သည်။ အတူပြန်နေကြသည့်ကာလများအတွင်း မင်းဒသဆီမှ ထို "ချစ်တယ်" ဆိုသည့် စကားစုလေးက ရုတ်ချည်းဆိုသလို ကြားရတတ်သည်။ အပျော်များနှင့် ရှိုင်းသွင်သည် မိမိနှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်ရင်း...
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
RandomDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
