(၃၆)

36.7K 4.1K 264
                                        

ဦးဝမ်းသည် မနက်စာစားရန် စားပွဲရှေ့၌ အကျအနထိုင်နေချိန်....

"ဆရာ"

"အေး...ပြော"

တပည့်ဖြစ်သူက အပြေးအလွှားရောက်လာသောကြောင့် ဦးဝမ်းလန့်သွားသည်။

"ဟို...နိုင်ငံရေးဂိုဏ်းက လူနှစ်ယောက်ရောက်လာပါတယ်"

ဦးဝမ်းမျက်မှောင်ကြုတ်သွားကာ...

"နိုင်ငံရေးဂိုဏ်းက ဘာလာလုပ်တာလဲ"

အမှန်တိုင်းပြောရလျှင် scorpionဂိုဏ်းသည် နိုင်ငံရေးဂိုဏ်းကို အာဏာနှင့် လုပ်ပိုင်ခွင့်ရနေသည်ကြောင့် မဖြစ်မနေ လေးစားနေရခြင်းဖြစ်သည်။ Scorpionတို့မည်သည် ဘယ်ဂိုဏ်းကိုမှ အရေးတယူလုပ်ချင်သည် မဟုတ်ပေ။

ဦးဝမ်းတစ်ယောက် မနက်စာ မစားရသေးဘဲ ဧည့်ခန်းဆီသို့သွားကာ နိုင်ငံရေးဂိုဏ်းနှင့်တွေ့ရန် ပြင်ရတော့သည်။

"မင်္ဂလာပါ...အကြောင်းကိစ္စထူးလို့လား"

ဦးဝမ်းသည် ဧည့်ခန်းထဲတွင် ထိုင်နေသူ နှစ်ယောက်ကို နှုတ်ဆက်စကားစဆိုသည်။

"ဟုတ်ကဲ့...ဂိုဏ်းချုပ်အတွက် မယ်မယ်က ပြန်တမ်းစာ ပေးခိုင်းလို့ပါ"

"ပြန်တမ်းစာ..."

"ဒီမှာပါ"

သာမာန်စာအိတ်လေးတစ်အိတ်ပင်...ကမ်းပေးလာသည့် ထိုအရာကို ဦးဝမ်းလှမ်းယူလိုက်ရင်း....

"အခုဖွင့်ဖတ်ပေးရမှာလား"

"ဟုတ်ပါတယ်"

"ကောင်းပြီ"

ဦးဝမ်း ပြန်တမ်းစာ စာအိတ်ကို ဖွင့်လိုက်သည်။ နိုင်ငံရေးဂိုဏ်း၏ အမှတ်တံဆိပ်ဖြစ်သည့် ရွှေလက်ဗွေရာ ပါသည်။ ထိုလက်ဗွေသည် မယ်မယ်ဆိုသူ၏ လက်ဗွေပင်..။ စာတွင်ရေးထားသည်က...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သို့....

Scorpionဂိုဏ်းသည် နိုင်ငံရေးဂိုဏ်း၏ အခက်အလက်ဖြစ်သည်။

မယ်မယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထိုစာတစ်ကြောင်းလေးသည် အဓိပ္ပါယ်များစွာရှိသည်။ အခက်အလက်ဆိုသည်မှာ လက်အောက်ခံကို ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံရေးဂိုဏ်းသည် scorpionဂိုဏ်းအတွက် ကြီးမားသည့် နံရံဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံရေးဂိုဏ်းကို ကျော်လွန်ကာ မည်သည့်ကိစ္စမျိုးကိုမှ မလုပ်ဖို့ တားမြစ်လိုက်ခြင်းဖြစ်သည်။ ကျော်လာလျှင်လည်း ဂိုဏ်းကို အမြစ်ပြတ်ရှင်းရန် ဝန်မလေးပေ...။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now