ရှိုင်းသွင်
~~~~~~>>
ကိုယ်ရင်ခုန်မိနေတဲ့သူဆီက "ငါမင်းကို စိတ်ဝင်စားတယ်" အပြောခံထားရတဲ့ ခံစားချက်က သိတယ်မလား...ဘာလုပ်လုပ် ခြေမကိုင်မိ၊ လက်မကိုင်မိတွေ ဖြစ်ကုန်တော့တာပဲ။
ကျွန်တော်ပိုသိချင်မိတယ်....ဘာကြောင့်လဲလို့။
အဲ့ဒီဘာကြောင့်လဲကို မသိခင် ကျွန်တော့်ကိုယ်ကျွန်တော်လည်း ပြန်မေးရမယ်...အဆင်ပြေမှာလား။ အကယ်၍ ကျွန်တော်သာ ယောက်ျားလေးတစ်ယောက်နဲ့ ကြိုက်ခဲ့မယ်ဆိုရင်....
ပထမအချက်...ကျွန်တော့်လိင်စိတ်ခံယူမှုကို ကျွန်တော်ကလွဲပြီး ဘယ်သူမှ မသိဘူး။ သိရင်လည်း ရှော့ခ်ရသွားနိုင်တဲ့သူက ပိုများတယ်။
ဒုတိယအချက်...ကျွန်တော်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်၊ ကျောင်းမှာတော့ ဒီလိုကိစ္စတွေက ပြဿနာ သိပ်မရှိပေမယ့် လူတိုင်းကတော့ လက်ခံနေကြတာ မဟုတ်ဘူးလေ။ ကျွန်တော့် သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ အရိပ်တောင် သဘောကျတဲ့အထဲ မပါဘူး။
တတိယအချက်....အဲ့လိုကနေ ကျွန်တော့်အိမ်ကို သတင်းက အနှေးနဲ့အမြန်ရောက်လာမှာပဲ။ အိမ်ကလည်း ဒီလိုမျိုးတွေ သဘောကျတာ မဟုတ်ဘူး။ ကျွန်တော့်အဖေဆို ပိုတောင်ဆိုးသေးတယ်။ ရောဂါဖြစ်နေတယ်လို့တောင် သူကခံယူထားတာ...သဘာဝကို ဆန့်ကျင်နေတဲ့ ရောဂါတဲ့။
နောက်ဆုံး...ဟုတ်တယ်...ကျွန်တော် အဲ့လောက်ထိ စဉ်းစားရတယ်။ ကျွန်တော် အဲ့လိုတွေ စဉ်းစားလွန်းလို့ ဒီနေ့ဒီအချိန်ထိ အချစ်မရှိတဲ့ လူသားကြီးလိုလို ဖြစ်နေတာ။ လူတစ်ယောက်ကို စိတ်ဝင်စားမိခဲ့တိုင်း အဲ့နေရာမှာပဲ ရပ်ခဲ့ရတယ်။
ကျွန်တော် ကြောက်နေတာလား။
မင်းဒသကို ကျွန်တော် စိတ်ဝင်စားတာထက်ကို ပိုပါတယ်။ အဲ့လိုဖြစ်လာအောင် လုပ်တာလည်း သူမဟုတ်ဘူးလား။ ဒါပေမယ့် သူနဲ့ပတ်သက်ချင်တယ်...အားလုံးပေါ့။
မသိသေးဘူး...ကျွန်တော့်အဖြေ ဘာဖြစ်မလဲ မသိသေးဘူး။ ဘာကြောင့် ကျွန်တော်မှလဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းဒသ
~~~~~~>>
တစ်ခါမှ အတွေးတွေ အဲ့လောက်ကလေးမဆန်ဖူးဘူး။ ဒီတိုင်း ပါးစပ်ကလည်း ပြောလိုက်လို့ရသားနဲ့ ဘာလို့များ စာအုပ်ထဲထိ တကူးတက စာရေးမိတာလဲ။ ဒီလောက်လူသတ်ထားဖူးတဲ့ လက်တွေက စာရေးပြီး ဒီလောက်တုန်နေတာ ဖြစ်သင့်လား။ သူနဲ့တွေ့ရင် ငါကငါမဟုတ်သလိုပဲ။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
De TodoDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
