ရှိုင်းသွင်တို့အဖွဲ့ (သို့) ဧကရီ ခေါင်းဆောင်သော အဖွဲ့သည် ကမ်းခြေတွင် ဈေးလှည့်လည်ရောင်းနေသည့်ကလေးငယ်များကို ဈေးကူရောင်းပေးရင်း စာသင်ပေးမည်ဖြစ်သည်။ ကလေးများ၏ မိသားစုအပေါ် ထောက်ပံ့ရမည့် ဝမ်းရေးအတွက်လည်း မလစ်ဟင်းရအောင် အဖွဲ့ဝင်ဆယ်ယောက်ရှိသည့်အနက် ၅ယောက်သည် ဈေးကူရောင်းပေးပြီး ကျန်သည့်၅ယောက်က ထိုကလေးများကို စာသင်ပေးမည်ဖြစ်သည်။ အလှည့်ကျ လုပ်ဆောင်သွားရမည်ဖြစ်သည်။
အဖွဲ့ဝင်ဆယ်ယောက်လုံးသည် မိမိတို့တစ်နေ့တာ တွေ့ကြုံခံစားရသမျှကို မှတ်တမ်းတင် ဓာတ်ပုံတစ်ပုံနှင့်တကွ reportတစ်စောင်ကို ၇ရက်ပတ်လုံး ရေးထားရမည်ဖြစ်သည်။ ပြီးပါက ထိုဓာတ်ပုံများနှင့် reportများကို စုပေါင်းပြီး စာအုပ်ထုတ်ကာ ကျောင်းကိုစာတင်မည့်အပြင် ကျောင်းသူ၊ ကျောင်းသားများကိုပါ ရောင်းချမည့် project planဆွဲထားသည်။ ရလာမည့် ငွေပမာဏကို ကလေးများထောက်ပံ့ရေး ရန်ပုံငွေအဖြစ် ဖန်တီးမည်ဖြစ်သည်။
ရှိုင်းသွင်သည် သည်ကနေ့တော့ ကလေးများအတွက် ဈေးကူရောင်းပေးရမည့် ၅ယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်သည်။ ရှိုင်းသွင်ပါလျှင် မင်းဒသ ပါနေမှာတော့ တွေးနေစရာပင်မလိုပေ...။ final yearများအားလုံး မိမိတို့အဖွဲ့ကိုယ်စီ၏ projectမစခင် ဆရာ၊ ဆရာမများ၏ အကြံပေးချက်၊ သတိပေးချက်များကို အရင်နားထောင်ကြရသည်။ နောက်မှ မနက်စာစားရင်း မိမိတို့အဖွဲ့ခေါင်းဆောင်၏ ညွှန်ကြားချက်ကို နားထောင်အကြံပြုရသည်။
"မနက်စာဘာစားမှာလဲ"
မင်းဒသတစ်ယောက် ပန်းကန်အလွတ်တစ်ခုကိုင်ကာ ဟိုကြည့်သည်ကြည့်ငေးနေသောကြောင့် ရှိုင်းသွင်ဘေးသို့ ရောက်လာကာ မေးမိလိုက်ခြင်းဖြစ်သည်။ ညကလဲ စကားမပြော၊ မနက်နိုးတော့လည်း မသိချင်ယောင်ဆောင်နေသော ကောင်လေးက စကားပြန်ပြောသည်ဆိုတော့ မင်းဒသမျက်နှာသည် ဝင်းလက်လာသည်။
"မုန့်ဟင်းခါးရှိတယ်...ထမင်းကြော်ရယ်၊ ပဲပြုတ်၊ ကြက်ဥကြော်စားချင်ရင်တော့ သူတို့ကို မှာမှရမယ်ထင်တယ်..."
ထိုသို့သောအစားအစာများကို မနှစ်မြို့သည့် မင်းဒသအတွက် ဘယ်အရာတစ်ခုကမှ အဆင်မပြေ...မင်းဒသမျက်နှာကြည့်သည်နှင့် အရိပ်အကဲဖမ်းမိသော ရှိုင်းသွင်သည် အနည်းငယ်တော့ပြုံးမိသည်။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
De TodoDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
