Note :
ဒီအခန်းကို ဆက်မဖတ်ခင် အမျိုးသားများကိုယ်ဝန်ဆောင်ခြင်းအကြောင်းကို ဗဟုသုတအဖြစ် အရင်ဖတ်ကြည့်စေချင်လိုပါတယ်။ မသိသေးတဲ့သူတွေလည်း သိသွားရတာပေါ့နော်။
ကျွန်မ တက်သလောက် ပြန်လည်ဝေမျှထားတာဖြစ်လို့ စာဖတ်သူများထဲမှ ဆေးပညာနှင့်ဆက်နွယ်နေသောသူများရှိပါက အမှားများတွေ့ခဲ့လျှင် ထောက်ပြစေချင်ပါတယ်။ ကျေးဇူးပါ။
Edited_ကျွန်မ လိုအပ်ချက်တွေရှိမှာစိုးလို့ နောက်တစ်ခါပြန်လေ့လာပြီး ထည့်ရေးထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေးခွန်း...အမျိုးသားများ ကိုယ်ဝန်ဆောင်လို့ရတယ်ဆိုတာ ဖြစ်နိုင်ပါသလား။
ဒီမေးခွန်းအဖြေကို ဖြေရဖို့ဆိုရင် ဆေးပညာသဘောတရားမှာ ယနေ့အချိန်ထိ အငြင်းပွားနေဆဲ ပြဿနာဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အမျိုးသားကိုယ်ဝန်ဆောင်တွေရှိကြတဲ့အပြင် ထိုအမျိုးသားများ မွေးဖွားသော ကလေးများသည်လည်း ကျန်းမာစွာရှိနေကြတာကို သိမြင်ဖူးကြမှာပါ။ ဒီတော့ အမျိုးသားများ ကိုယ်ဝန်ဆောင်ဖို့ဆိုတာ ယနေ့ခေတ်အခြေနေမျိုးမှာ ဖြစ်နိုင်တဲ့ ကိစ္စထဲ ပါဝင်လာပါပြီ။
သို့သော် ကျွန်မတို့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သိထားကြတဲ့ အမျိုးသားတွေ ကလေးမမွေးနိုင်ဘူး...ဆိုတဲ့ အချက်ကိုတော့ ပြောင်းပြန်လှန်ပစ်ရမှာပေါ့။
ဆက်သွားကြရအောင်....။
ကျွန်မက စာဖတ်သူတွေ နားလည်လွယ်စေဖို့် အကျဉ်းချုပ်သဘောမျိုးကိုပဲ ပြောပြပေးသွားပါမယ်။ စိတ်အားငယ်သူများ ဆက်မဖတ်ဘဲ ကျော်သွားနိုင်ပါတယ်နော်....။
ဒီတော့ အမျိုးသားတွေ ဘယ်လိုကိုယ်ဝန်ဆောင်ကြမလဲ...။
ဟုတ်ကဲ့.. အမျိုးသားတွေဟာ Ectopic Pregnancyလို့ ခေါ်တဲ့ သားအိမ်မှာ ပဋိသန္ဓေတည်ခြင်းမဟုတ်ဘဲ အပြင်ဘက်မှာ ပဋိသန္ဓေတည်နိုင်တဲ့နည်းနဲ့ ကိုယ်ဝန်ဆောင်နိုင်ပါတယ်။ အများခေါ်ပြောဆိုရင် ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်နည်းပေါ့...။
🚨သို့သော် ဤသို့ ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အန္တရာယ်အလွန်ကြီးမားသော အလုပ်တစ်ခုဖြစ်ပါတယ်။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
RandomDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
