Special Extra(6)

30.5K 3K 298
                                        

"ဒသရာ...ဘယ်လိုဖြစ်နေတာလဲကွာ"

မိမိကို အတင်းလိုက်ဖက်ပြီး နောက်ကျောပြင်အား မျက်နှာနှင့် လိုက်ပွတ်နေသော မင်းဒသကို ရှိုင်းသွင်စိတ်မရှည်တော့....။

"ငါပါလိုက်မယ်..."

ကလေးလို ဂျီ ကျနေသော မင်းဒသအား ရှိုင်းသွင်တကယ်ကို လက်လန်သည်။ အကြောင်းက ရှိုင်းသွင်သည် ဂျပန်သို့ အလုပ်ကိစ္စဖြင့် ခရီးသွားရမည်။ သို့သော် ၂ရက်မျှသာ ကြာမည့်အရေးကို မင်းဒသတစ်ယောက် ဘာဖြစ်နေမှန်းမသိ...။ ခရီး၂ရက်သွားရမယ် ပြောလိုက်တည်းက လူကို အတင်းလိုက်ကပ်ပြီး ကလေးတွေလို ဂျီကျနေတာ...။ သမီးတောင် သူ့ဘာသာ အေးအေးဆေးဆေး...ဘာမှမဖြစ်။ သူက ဘာဖြစ်နေမှန်းမသိတာ...။

"ဒသ...ငါ အေးအေးဆေးဆေးလေး အိပ်ပါရစေဦး...မနက်ဖြန် အစည်းဝေးမှာ ငါစိတ်ကြည်နေဖို့လိုတယ်...အိပ်တော့ကွာ"

"ငါပါလိုက်မယ်လို့ဆို..."

"အေး...မင်းလိုက်တော့ သမီးက ဘယ်လိုလုပ်မှာလဲ"

"သမီးက သူ့အဘိုးနဲ့အဘွားဆီနေခဲ့လို့ရတာပဲ...ဒါမှမဟုတ် ဧကရီတို့ဆီလည်း ထားခဲ့လို့ရနေတာပဲကို"

ရှိုင်းသွင်တစ်ယောက် မင်းဒသနှင့် မျက်နှာချင်းဆိုင်ဖြစ်စေရန် တစ်ကိုယ်လုံးလှည့်လာလိုက်သည်။ လှည့်လာပြန်တော့ ကိုယ်က သူ့ရင်ခွင်ထဲ တိုးအိပ်ရမလားမှတ်တယ်...သူက ကိုယ့်ရင်ခွင်ထဲ လာတိုးအိပ်တော့တာ...မြန်ချက်...။

ရှိုင်းသွင်သည် မင်းဒသအား ဖက်ထားလိုက်ရင်း....

"ကဲ...ပြော...ဘာလို့ အဲ့လောက်တောင် လိုက်ချင်နေရတာတုန်း...ငါအလုပ်လုပ်ဖို့ သွားမှာလေ...နောက်ပြီး ၂ရက်ပဲကြာမှာ...ချက်ချင်းပြန်လာမယ့်အရေးကို..."

"မင်းမရှိရင် မနေတတ်လို့..."

မင်းဒသ၏ အီလေးစွဲပြောသည့်အသံကြောင့် ရှိုင်းသွင်ရယ်ချင်သွားသည်။ တကယ် ဘာဖြစ်နေမှန်းကို မသိတာ...။

"မင်းကလေ တမင်ဂျီကျနေတဲ့ ကလေးလိုပဲ...ကိုယ့်အသက်အရွယ်လည်း ကိုယ်ပြန်ကြည့်ဦး..."

"ချစ်လို့လေ...နောက်ပြီး ကိုယ့်ကောင်လေးကိုယ် ဂျီကျတာပဲ...အသက်အရွယ်တွေလိုသေးလို့လား"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now