(၂၆)

42K 4.4K 223
                                        

ဒုတိယရက် ချောင်းသာတွင်.....

သည်ကနေ့တော့ ရှိုင်းသွင်နှင့် မင်းဒသ စာသင်ပေးရမည့် အလှည့်...။ သို့သော် စာမသင်ချင်ဘူး ဆိုကာ ပက်လက်လှဲအိပ်နေသော မင်းဒသကို ရှိုင်းသွင် ဘာမှ မပြောလိုတော့...သူ့အစား ကလေးနှစ်ယောက်လုံးကို မိမိကပဲ တာဝန်ယူပေးလိုက်သည်။

မနေ့က မြန်မာစာ သင်ပေးပြီး ဖြစ်သည့်အတွက် ဒီနေ့တွင် အင်္ဂလိပ်စာ အခြေခံလေးများ သင်ပေးမည် ဖြစ်သည်။

"အေ(A)...ဘီ(B).............တီ(T)..."

"တီ မဟုတ်ဘူး...ထီ"

အိပ်နေရင်း စကားလှမ်းပြောသော မင်းဒသကို ရှိုင်းသွင်လှမ်းကြည့်လိုက်သည်။ ကလေးတွေမျက်လုံးကလည်း သူ့ဆီ စိတ်ဝင်တစားရောက်သွားသည်။

"မင်းအသံထွက်တွေ မှားနေတာသိလား...အခြေခံ အသံထွက်တွေလောက်ကိုတော့ မှန်အောင်သင်လေ"

မင်းဒသစကားကြောင့် ရှိုင်းသွင်စိတ်တိုသွားသည်။ ထို့ကြောင့် သဲတစ်ဆုပ်ယူကာ မင်းဒသမျက်နှာဆီ ပက်ပစ်မိလိုက်သည်။

"အား...ဘာလုပ်တာလဲဟ"

ကလေးများကလည်း သူတို့ကိုကြည့်ပြီး တဟီးဟီးနှင့် ရယ်ကုန်ကြသည်။ မင်းဒသတစ်ယောက် ပါးစပ်ထဲ ဝင်သွားသည့် သဲများကို ထွေးထုတ်ရင်း ထထိုင်လိုက်ရသည့် အခြေနေဖြစ်သွားသည်။ ရှိုင်းသွင်ကတော့ သူ့ကို စိုက်ကြည့်နေလေရဲ့...မင်းဒသ ရယ်ကာ ကလေးနှစ်ယောက်အနား တိုးလာသည်။

"ပေး..အဲ့စာရွက်"

ရှိုင်းသွင်လက်ထဲမှ ရုပ်ပြစာရွက်ကို တောင်းယူရင်း ကလေးနှစ်ယောက်ကို အသံထွက်များ ချပေးသည်။

"အေ...မင်းတို့ အသံထွက်မယ်ဆိုရင် အေး ဆိုတဲ့အသံကြားဖူးတယ်မလား...အဲ့ဒီ အေးကို အရင်ထွက်ကြည့်"

"အေး"(ကလေး၂ယောက်ပြိုင်တူ)

"အေး..အေ"

"အေး..အေ"(ကလေး၂ယောက်)

"အေ"

"အေ"(ကလေး၂ယောက်)

"တော်တယ်...နောက်တစ်ခု...ဘီး ဆိုတာကို သိတယ်မလား..ခေါင်းဖြီးတာလေ"

ကလေးတွေက မင်းဒသကို ခေါင်းညိမ့်ပြသည်။

"ဒါဆို ဘီ...ဘီး"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now