(၃)

75.2K 6.5K 425
                                        

"ဝေယံရေ...သွားမယ်ကွာ...ငါတောင်းပန်တယ်"

"ရှိုင်း...မင်းကြောက်နေရင် ထွက်သွားလိုက်"

_ကျွန်တော်တကယ်လည်း ကြောက်တာပါ။ ရန်ဖြစ်တယ်ဆိုတာ ကျွန်တော့်ပုံစံမဟုတ်သလို တကယ်ရန်အကြီးအကျယ်လည်း တစ်ခါမှ မဖြစ်ဘူးသေး...။ ဒီနေ့အတွက်အဖို့တော့ မသိ....။

လွန်ခဲ့သည့် နာရီဝက်လောက်က......

ကျွန်တော်ဒီမနက် ကျောင်းရောက်တော့ ဝေယံက ဘောလုံးကွင်းလိုက်ခဲ့ရန် အဖော်ခေါ်သည်။ ကျော်မင်းသူနှင့်အရိပ်က ဒီနေ့မနက်ပိုင်း ကျောင်းပြေးကြသည်။ သူတို့ dateလုပ်ကြသည်ပေါ့...။ နေ့ခင်းပိုင်းတော့ ကျောင်းပြန်လာမည်ဟု အရိပ်က စာပို့ထားသည်။ မလာလို့တော့မရ...ပြိုင်ပွဲအတွက် အရိပ်က အကကျင့်ရမည်၊ ကျော်မင်းသူက ဘောလုံးကန်ရမည်။ စည်သူကတော့ အရိပ်ယောင်မတွေ့ရသေး...။ ဝေယံက အဖော်ခေါ်တော့ ကျွန်တော်လည်း မနက်ပိုင်းအတန်းချိန်မတက်တော့ဘဲ သူ့နောက်ကို အဖော်လိုက်လာပေးသည်။ သူ့လက်ထဲသယ်လာရတဲ့ အင်္ကျီထုပ်ကို ကူဆွဲပေးပြီး ၂ယောက်သား video gameအကြောင်းတွေပြောကာ ဘောလုံးကွင်းဆီရောက်လာခဲ့သည်။

ဘောလုံးကွင်းဆီရောက်တော့ ဝေယံက အင်္ကျီလဲဝတ်သည်။ ဘောလုံးကွင်းတွင် ဘယ်သူမှမရှိ...သူနှင့်ကျွန်တော် နှစ်ယောက်တည်းပင်....ခြေထောက်သိပ်မသွက်ဘူးပြောလို့ ဝေယံက သူတစ်ယောက်တည်းစောစောလာကာ လေ့ကျင့်ခြင်းဖြစ်သည်။

အင်း....အဲ့မှာ ပြဿနာက စတော့တာပဲ။ ဇိုးအဖွဲ့က ဘယ်ကဘယ်လို ရောက်ချလာသည်မသိ...သေချာတာကတော့ နောက်ယောင်များခံလိုက်လာသည်လားမသိ။ သို့သော် ထိုအဖွဲ့ထဲတွင်တော့ မင်းဒသမပါလာသေး။ သူပါလာလျှင် ပိုကြောက်ရမည်ထင်သည်။ ယခုတောင် ကြောက်နေရသည်မဟုတ်ပါလား။ ဝေယံကတော့ ကြောက်တတ်သူမဟုတ်....အရပ်အနေအထားကလည်း တကယ်ထောင်ထောင်မောင်းမောင်းနှင့် ဟိုဖက်အဖွဲ့နှင့်ယှဉ်လို့ရသည်။ ဒါပေမယ့် သူတို့က ငါးယောက်တောင်...ကျွန်တော်တို့က နှစ်ယောက်တည်း...ကျွန်တော့်လို ဘာမှ မလုပ်တတ်တဲ့ကောင်ကို ဖယ်လိုက်လျှင် ဝေယံတစ်ယောက်တည်း....။ ဘုရားကယ်ပါ။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now