Starတို့ရေ ဒီအခန်းက နည်းနည်းရှုပ်နိုင်လို့ ဖြည်းဖြည်းဖတ်ကြနော်...Meလည်း အရှင်းဆုံးဖြစ်အောင် ကြိုးစားရေးပေးထားပါတယ်နော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သတင်းဌာနများအတွက် ယနေ့သည် အလုပ်ရှုပ်ဆုံးနေ့တစ်နေ့ဖြစ်သည်။ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များလည်း ချောင်းသာမြို့ပေါ်တွင် စည်ကားသိုက်မြိုက်လျက် ရှိနေပြီဖြစ်သည်။
"အနုကြမ်းအစီးခံရသည်" ဆိုသော သတင်းခေါင်းစဉ်အောက်တွင် ရှိုင်းသွင်တို့ တည်းခိုသော ဟိုတယ်ပုံကြီးက တိုက်ရိုက်ထုတ်လွှင့်နေသည့် TV channelများထဲ ပါလာနေပြီဖြစ်သည်။
ဟိုတယ်တွင် စုစုပေါင်း အပြစ်မဲ့ပြည်သူလေးဦး အသက်ဆုံးရှုံးခဲ့ရပြီး ကျောင်းသားနှစ်ယောက် ပျောက်ဆုံးနေသည်ဆိုသည့် သတင်းသည်လည်း ဟိုးလေးတကျော်ကျော်ပင်...။ ထိုပျောက်သွားသည့် နှစ်ယောက်ကတော့ စဉ်းစားနေစရာပင်မလို...မင်းဒသနှင့် ရှိုင်းသွင်။
S-8အဖွဲ့လည်း အသည်းသန်ပြေးလာရသည်။ ဤမျှလောက်ဖြစ်စဉ်အတွက် SWATတပ်ဖွဲ့ဝင်များရှိသော်လည်း ဂိုဏ်းအခြေနေများနှင့် ပတ်သတ်နေသောကြောင့် ရောက်လာရခြင်းဖြစ်သည်။ သည့်အပြင် ဂိုဏ်းသည် ဂျပန်နိုင်ငံမှ ဂိုဏ်းကြီးဖြစ်နေသောကြောင့် ဂျပန်သံရုံးမှ အရာရှိများနှင့် ချိတ်ဆက်ကာ အမှုကို ကိုင်တွယ်ရတော့မည်။
(A/N...SWATဆိုတာ အသေခံတပ်သားတွေကို ပြောတာပါ...စစ်ဆင်ရေးနေရာတွေမှာ ဒီလိုအထူးလေ့ကျင့်ထားတဲ့ တပ်သားတွေကိုသုံးပါတယ်။ နိုင်ငံခြားတွေမှာပဲ SWATတွေရှိတာမဟုတ်ပါဘူး...မြန်မာမှာလည်း ရှိပါတယ်။ S.W.A.Tရဲ့ အရှည်ကောက်ကတော့ Special Weapons and Tactics=အဆင့်မြင့်ရွေးချယ်သတ်မှတ်ထားသော လက်နက်များနှင့် နည်းစနစ်မှန်ကန်စွာဖြင့် လေ့ကျင့်ရသောလို့ ဘာသာပြန်နိုင်ပါတယ်)
ယခုမြန်မာပြည်အခြေနေအရကြည့်လျှင် ဤအပစ်အခတ်ကိစ္စကြီးသည် ပြည်သူများအတွက် တကယ့်အိမ်မက်ဆိုးလိုပင်။ လတ်တလောကပင် ရန်ကုန်မြို့လယ်ခေါင်၌ ပစ်ခတ်မှု အသေးစားလေး ဖြစ်ပြီးတာဖြင့်မကြာ...နောက်တစ်ခေါက် နယ်ခြားတစ်နေရာတွင် ထပ်ဖြစ်သည်ဆိုတော့ ပြည်သူတွေလည်း ကြောက်သထက် ပိုကြောက်လာကြရလေပြီ။ တစ်ခုခုဖြစ်မလာခင် နိုင်ငံရေး အလှည့်အပြောင်းလား...တကယ်ပဲ အနုကြမ်းစီးသူတွေလားနှင့် အတွေးပေါင်းများစွာ ဖြစ်ထွန်းစေလေသည်။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
RandomDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
