(၅၁)

26.7K 3.3K 241
                                    

ရှိုင်းသွင်တစ်ယောက် ဆေးရုံမှပြန်လာကာ City Martခွဲတစ်ခုသို့ ဝင်ရင်း ဈေးဝယ်မိသည်။ နောက်နေ့များ၌ မင်းဒသဆီသွားဖြစ်ခဲ့လျှင် စားစရာကောင်းကောင်းလေးများ စီစဉ်ပေးသွားရန်အတွက် ဖြစ်သည်။ မိမိကောင်လေးတစ်ယောက် ဆန်ပြုတ်ချည်း နေ့တိုင်းစားနေရတာ မစားချင်တော့ကြောင်း ငြီးငြူ ပြနေသောကြောင့်ပင်.....။

ရှိုင်းသွင်တစ်ယောက် အမဲသားဘူးအား ဝယ်ဖို့ကိုင်ထားရင်း မင်းဒသနှင့်စကားပြောလာသည်များကို တွေးကာ ရယ်နေမိသည်။
.
.
.
~~~~~လွန်ခဲ့သော တစ်နာရီလောက်က~~~~~

"မစားတော့ဘူး..."

နှာခေါင်းရှုံ့ကာ ဇွန်းအား လက်ကာပြလာသော မင်းဒသ...။

"ဟာ...မရဘူးလေ...ဒါလေးကုန်အောင်စားကွာ...ငါလည်း ခွံ့ကျွေးနေတာကို"

"အေး...ငါလည်း မင်းကျွေးနေလို့ မြိုချနေတာ...ငါနေ့တိုင်း အဲ့ဒါပဲစားနေရတာပဲ...အရသာမရှိတဲ့ ဒီဟာကြီးပဲ"

မင်းဒသ၏ ပြစ်ပြစ်ခါခါငြင်းဆိုမှုခံနေရသော ဆန်ပြုတ်လေးခမျာ ရှိုင်းသွင်လက်ထဲတွင် မျက်နှာငယ်လေးဖြင့်...။

"ဒါဆို ဘာစားချင်လဲပြော...မင်းနဲ့အဆင်ပြေရင် စားရမယ်"

"ငါမှမသိတာ..."

ကလေးလိုမျိုး ပါးစပ်အဟောင်းသားလေးဖြင့်ကြည့်ကာ ပြောလိုက်သော မင်းဒသကြောင့် ရှိုင်းသွင် အံ့သြသွားရသည်။ တကယ်ပါပဲ...ကိုယ်စားချင်တာတောင် ကိုယ်မသိတဲ့လူက ရှိနေသေးတာလား။

"မဟုတ်ဘူးလေ...မင်းစိတ်ထဲက တောင့်တနေတာ တစ်ခုခု...အရသာရှိမယ်ထင်တဲ့ဟာမျိုးပေါ့...ဘာစားချင်လဲလို့"

ရှိုင်းသွင်စကားကြောင့် မင်းဒသခဏငြိမ်သွားသည်။ မျက်လုံးပေကလပ် ပေကလပ်လုပ်ရင်း ကိုယ်ဘာစားချင်မှန်းမသိ အသည်းသန်စဉ်းစားနေရသော မင်းဒသကို ရှိုင်းသွင် ပြုံးစိစိဖြင့် ကြည့်နေမိသည်။

ထို့နောက် ခဏကြာတော့ အသံထွက်လာသည်။

"ငါ အသားစားချင်တယ်..."

"ဟုတ်ပြီ...အသားစားချင်တယ်...ပြီးတော့"

"ပြီးတော့...ပြီးတော့ ငါအရွက်စားချင်တယ်"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now