(၄၅)

32.7K 3.9K 375
                                        

ရှိုင်းသွင် Taxiဖြင့် အိမ်ပြန်ရောက်လာချိန်တွင် အနောက်မှ မည်သည့်ရဲကားမျှ လိုက်မလာတော့ချေ ။ အကယ်၍ ဆက်လိုက်လာလျှင်လည်း ပြဿနာမရှိ...။ Taxi သမားမှာလည်း ပိုက်ဆံပင်မတောင်း ရှိုင်းသွင်ဆင်းသည်နှင့် တစ်ပါးတည်းမောင်းပြေးတော့သည်။

ရှိုင်းသွင်သည် သက်ပြင်းချလျက် မိမိအိမ်ထဲသို့ မဝင်ခင် ဟိုကြည့် သည်ကြည့်လုပ်မိလိုက်သေးသည်။ အိမ်နှင့် မလှမ်းမကမ်းတွင် ကားအနက်ရောင်တစ်စီးကို တွေ့သည်။ ထိုကားသည် မည်သူ့ကားဖြစ်မှန်း ရှိုင်းသွင်တပ်အပ်သိသည်။

လမ်းတွင်အကြံထုတ်လာသမျှ အိမ်ထဲသို့ရောက်သည်နှင့် သရုပ်ဆောင်ရတော့မည်ဖြစ်သည်။ ရှိုင်းသွင် ထိုစိတ်ဖြင့် အိမ်ခေါ်bellအား နှိပ်လိုက်သည်။

ခဏအကြာ အိမ်တံခါးသည် ပွင့်လာလေသည်။ လာဖွင့်ပေးသူက ရှိုင်းယံ....။ ရှိုင်းယံတစ်ယောက် မိမိအစ်ကိုဖြစ်သူကိုမြင်ပြီး လန့်ဖြန့်သွားကာ ဖင်ထိုင်လျက်သားပင် လဲကျသွားတော့သည်။

"ညီလေး..."

ရှိုင်းသွင်သည် ဝမ်းသာအားရဖြင့် ဆွဲထူပေးကာ ရှိုင်းယံအား ဖက်လိုက်သည်။

"ငါပြန်လာပြီကွ..."

"ကို...ကိုကြီးက...အတု...အတုလား"

စကားများ အထစ်ထစ်အငေါ့ငေါ့ဖြင့် တုန်လှုပ်နေသည့် ရှိုင်းယံပုံစံကိုကြည့်ကာ ရှိုင်းသွင်သည် အော်ရယ်လျက်....

"ငါက အတုဆို မင်းကို အခုလိုဖက်ထားနိုင်မလား...ငါမသေသေးပါဘူး...သတင်းတွေက မှားနေတာ....ထားတော့...လာ...အိမ်ထဲအရင်ဝင်မယ်"

ရှိုင်းသွင်သည် ရှိုင်းယံကိုဖက်လျက် အိမ်ထဲသို့ဝင်လာကာ အိမ်တံခါးမကြီးအား ခြေထောက်ဖြင့် ပြန်ပိတ်လိုက်သည်။

"မေမေနဲ့ ဖေဖေရော"

"သူ...သူတို့...ဘုန်းကြီးကျောင်းသွားကြတယ်"

ရှိုင်းသွင်ခေါင်းညိမ့်ပြကာ ဟိုကြည့်သည်ကြည့်လုပ်ရင်း....

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now