"Hello....အဘိုးပြောလေ"
မင်းဒသသည် ဟိုတယ်အခန်း၏ ဝရန်တာဘက်သို့ထွက်ရင်း phပြောနေခြင်းဖြစ်သည်။ အခန်းထဲတွင် ရှိုင်းသွင်က ပင်ပန်းသွားသည်ထင်သည်...အိပ်ပျော်နေသည်မို့ နိုးသွားမည်စိုး၍ phလာတော့ အပြင်ဘက်သို့ ထွက်လာခဲ့သည်။
"ဟိုသစ္စာဖောက်ရဲ့ မိသားစုကို ရှင်းပစ်လိုက်တယ်ဆို"
"အဲ့အကြောင်းကို ထပ်မပြောချင်တော့ဘူး"
မင်းဒသက သူ၏နားထင်ကို လက်မဖြင့်ဖိလိုက်ရင်း စိတ်ညစ်သည့်အသံနှင့် ပြောမိသည်။
"မတော်တဆပါ မြေးရယ်...စိတ်ထဲကထုတ်လိုက်တော့...အခုဘယ်မှာလဲ...မြေး ဒီလိုပုံနဲ့တော့ ကျောင်းသွားမှာမဟုတ်ဘူး...အဘိုးသိတယ်"
"အင်း...ဟိုလျှောက်သွား...ဒီလျှောက်သွားပဲ"
"Ok...မြေး အဆင်ပြေရဲ့လားသိချင်လို့ phဆက်ကြည့်တာ...ဒါဆို ဒါပဲနော်...ဘာမှလျှောက်မလုပ်နဲ့နော်"
"အင်း..."
မင်းဒသ phချလိုက်သည်။ ဒီနေ့သူ အမှန်တကယ်ကို စိတ်ညစ်နေခြင်းဖြစ်သည်။ မနေ့က ပြဿနာသွားရှာခဲ့သူ၏ မိန်းမဖြစ်သူကို ဖမ်းခိုင်းခဲ့သည်။ တကယ်တော့ ထောင်ချောက်ဖြစ်စေဖို့ သက်သက်အသုံးချခဲ့တာဖြစ်သည်။ ညတွင်းချင်းသွားဖမ်းပြီးပြီ ဆိုသည့်အကြောင်းကို သူရှိုင်းသွင်ဆီမှ ပြန်လာသည့်လမ်းတွင် သိရခဲ့ပြီး ထိုနေရာသို့ သွားခဲ့သည်။
သို့သော် မိမိအတန်တန်သေချာမှာထားသည့်ကြားကပင် သစ္စာဖောက်ကိုလည်း သတ်ပစ်လိုက်သလို မိန်းမဖြစ်သူကိုပါ အပြတ်ရှင်းပစ်လိုက်သည်။ မိမိရောက်သွားချိန်မှာ အရာအားလုံးက အဆုံးသတ်နေပြီ။ တကယ်ဆို ကိုယ့်ဘာသာ လုပ်လိုက်လျှင် အသက်သုံးသက် သေစရာမလို...ထိုမိန်းမမှာ ကိုယ်ဝန်ကြီးနှင့်...အခုတော့ ကိုယ်ပေးလိုက်သည့်အမိန့်ကြောင့် အပြစ်မဲ့သည့်သူ...လူ့လောကထဲတောင် လာခွင့်မရလိုက်...မိမိအပြစ်တွေချည်းပင်။
စိတ်ကအရမ်းလွတ်ချင်နေပေမယ့် သူရှိုင်းသွင်ကို သတိရပြီး အတော်လေးထိန်းထားနေခဲ့ခြင်းဖြစ်သည်။ ရှိုင်းသွင်အနားမှာ နေရလျှင် သူခံစားနေရသည့် ဝေဒနာက တစ်ဝက်သက်သာသည်။ သူ့အနားနေရလျှင် သူ့အမေနဲ့နေရသလို နွေးထွေးမှုကို သူခံစားမိသည်။ ဒါပေမယ့် သူ့အမေလိုတော့ ပျောက်ကွယ်မသွားစေချင်...သူ့ရဲ့ တကယ့်သရုပ်မှန်ကို မသိသေးသ၍တော့ နွေးထွေးမှုရှိနေဦးမည်ထင်သည်။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
SonstigesDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
