Scorpion ဂိုဏ်း....
"ဒီအချိန်က အကောင်းဆုံးအချိန်လို့မထင်ဘူးလား"
နှစ်ယောက်သား ဥယျာဉ်ခြံထဲတွင် လမ်းလျှောက်နေရင်း ဦးဝမ်း၏ စကားကြောင့် Roseလမ်းလျှောက်နေသည်ကို ရပ်လိုက်ကာ....
"တစ်ယောက်ယောက်ကို သတ်ဖို့လား"
ဦးဝမ်းသည် ပြုံးကာ ခေါင်းညိမ့်ပြရင်း....
"ဒီအချိန် အပြင်လောကမှာ သိပ်ကိုရှုပ်ထွေးလွန်းနေတာမလား...ကိစ္စတစ်ခုကို အမြန်ရှင်းလိုက်ရင် အဲ့ကိစ္စကလည်း ရှုပ်ထွေးမှုတွေပြီးသွားချိန်မှာ တစ်ခါတည်းပြီးသွားလိမ့်မယ်"
"Baeနားလည်ပါတယ်...ဒါပေမယ့် မြွေပွေးက ဆေးရုံမှာအသက်လုနေရသေးတာနော်..."
"မြေးအခြေနေက မစိုးရိမ်ရတော့ပါဘူး...နောက်ပြီး သူ့ကိုအဲ့လိုပဲ နေမကောင်းဖြစ်နေစေချင်တာ...ဒါမှ ကိုယ်လုပ်မယ့်ကိစ္စကို ဝင်ရှုပ်လို့မရမှာ"
"သူက ဒါလင့်မြေးအရင်းနော်"
"ကိုယ်သိပါတယ်...ဒါတွေအားလုံးက သူ့အတွက်လုပ်ပေးနေတာပဲ...သူကိုယ်တိုင်က မပတ်သက်သင့်တဲ့သူတွေကို ပတ်သက်မိနေတာလေ...ကိုယ်က အဘိုးဖြစ်သူအနေနဲ့ ပညာပေးချင်ရုံသက်သက်ပါ"
Roseက ခေါင်းတစ်ချက်ညိမ့်ပြပြီး တစ်ခုခုကို သတိရသွားဟန်ဖြင့်.....
"အဲ့ကောင်လေးက အခုထိ သူနဲ့အတူရှိနေတုန်းပဲနော်"
"မရှိရတော့ပါဘူး...မြေးအနားမှာ သူကြာကြာနေလို့မရတော့ပါဘူး"
ဦးဝမ်း၏ စကားအသွားအလာကို Roseသဘောပေါက်နားလည်လိုက်သည်။
"မြွေပွေးသိရင် scorpionဂိုဏ်းတစ်ခုလုံးက သူ့ဒေါသအောက်ရောက်သွားလိမ့်မယ်"
"မဟုတ်ဘူး...ကိုယ်က အဲ့လောက်သိသာအောင် လုပ်မယ့်သူထဲ မပါဘူးလေ"
Roseသည် နားမလည်စွာဖြင့် ဦးဝမ်းမျက်နှာကို အကဲခတ်ကြည့်မိသည်။ ဦးဝမ်းသည် တကယ့်ကစားပွဲကြီးတစ်ခုကို စတင်တော့မည့်အသွင်...ထိုကစားပွဲတွင်လည်း သူနိုင်မည်ဟု အတိအကျယူဆထားပုံဖြင့်...။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
РазноеDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
