"မြေး အားလုံးအဆင်ပြေနေရဲ့လား"
မင်းဒသသည် လွယ်အိတ်ထဲမှ ဓားမြှောင်များကို ကုတင်ပေါ် တင်နေရင်း တစ်ဖက်က phဖြေနေသည်။
"အင်း...ခန့်မှန်းကြည့်မယ်...ကျောင်းက phဆက်လိုက်တာမလား"
"အဲ့ထက်သေချာတာမရှိတော့ဘူးမလား...ပြောပါဦး ဘာကိစ္စနဲ့ သူများလက်ကိုချိုးပစ်ပြီး သူများလည်ပင်းညစ်ရတာတုန်း"
"အဘိုးမေးနေတဲ့ပုံကလည်း ကျွန်တော်က မသိရင် ငယ်ငယ်လေးကျနေတာပဲ...မေးစရာလိုနေသေးလို့လား...လိုအပ်လို့ လုပ်လိုက်တာပဲကို"
"ကျောင်းနဲ့ဆိုင်တဲ့ကိစ္စလေ...မေးသင့်တယ်မလား...အသက်ရွယ်အားဖြင့် မြေးက ကျောင်းသားအရွယ်လေ"
ထိုအချိန် တစ်ဖက်တွင် မင်းဒသသည် ဓားမြှောင်တစ်ချောင်းကို မိမိခေါင်းအုံးအောက်သို့ ထိုးထည့်ထားလိုက်သည်။ ထို့နောက် ပစ်လွယ်သည့် ဓားနှစ်ချောင်းကို ရေချိုးခန်းတံခါးဘောင်ပေါ်သို့ တင်လိုက်ပြီးမှ....
"အင်း...အဲ့နှစ်ကောင်ကို ဆုံးမပေးလိုက်တာ...သူတို့ကြောင့် ကျွန်တော့်ကောင်လေး သေမလိုဖြစ်သွားတယ်လေ"
မင်းဒသအဖြေကြောင့် ဦးဝမ်းတစ်ယောက် ခေါင်းခါရမ်းနေမိသည်။
"မင်းဒသ...အဘိုးတကယ် မင်းကို အဲ့ကောင်လေးနဲ့ ဝေးဝေးနေလို့ တားလို့မရတော့ဘူးလား"
"မရဘူး"
ဦးဝမ်းလည်း မြေးဖြစ်သူ၏ ပြတ်သားလှသောအဖြေကြောင့် သက်ပြင်းချရင်း....
"Scorpionဂိုဏ်းရဲ့ စည်းကမ်းတွေကို မြေးသိတယ်နော်"
"ကျွန်တော့်ကောင်လေးနဲ့ပတ်သက်ရင်တော့ စည်းကမ်းဆိုတာ ပါးစပ်ပြောတစ်ခုလို့ပဲ သတ်မှတ်လိုက်မယ်"
"ဘယ်သူ့အားကိုးနဲ့လဲ"
"ယုံပါ...ကျွန်တော့်မှာအားကိုးမရှိဘူး...ဒါပေမယ့် ကြောက်တဲ့စိတ်တော့ရှိတယ်...ကျွန်တော်အရမ်းတန်ဖိုးထားတဲ့အရာတွေကို ဘယ်တော့မှ မဆုံးရှုံးချင်တဲ့ ကြောက်စိတ်"
"Scorpionဂိုဏ်းအတွက် ရှိုင်းသွင်အဖေကို သတ်မှ ဖြစ်မှာ"
မင်းဒသ သေနတ်မောင်းကို ဆွဲတင်လိုက်ရင်း....
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
РазноеDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
