(၁၈)

46.8K 4.4K 216
                                        

မင်းဒသသည် မိမိအရှေ့တွင် အပူပင်ကင်းမဲ့စွာ ရေခဲမုန့်ထိုင်စားနေသော ရှိုင်းသွင်ကို ငေးနေမိသည်။ ရေခဲမုန့်စားပြီးလျှင် ရုပ်ရှင်ကြည့်ဦးမည်ဟု အစီစဉ်က ရေးဆွဲပြီးဖြစ်သည်။

"ဒသ...ဘာတွေငေးနေတာလဲ...မင်းရေခဲမုန့်က ဖျော်ရည်ဖြစ်တော့မယ်"

"အင်း...ငါဒါတွေ မကြိုက်ဘူး"

ရေခဲမုန့်မကြိုက်သည့် လူသားလည်း ရှိသေးတာပဲဟု ရှိုင်းသွင် တအံ့တသြတွေးလိုက်မိသည်။

"မကြိုက်ရင် အစတည်းက မပြောဘူး"

ထိုသို့ပြောပြီး မိမိအရှေ့မှ ခွက်ကို သူ့ဘက်ဆွဲယူသွားသော ရှိုင်းသွင်ပုံစံကို ကြည့်ရင်းပြုံးလိုက်သေးသည်။

"လက်က ကောင်းသွားပြီလား"

အင်္ကျီလက်ရှည်ဝတ်ထားသောကြောင့် မင်းဒသလက်ပေါ်မှ တောက်ခြစ်မြောက်ခြစ် ဒဏ်ရာများကို မမြင်ရ၍ မေးမိလိုက်သည်။

"အင်း...ကောင်းနေပြီ"

"ဒါဖြင့် ချောင်းသာကို လိုက်မယ်မလား...တနင်္လာနေ့ကိုလေ"

ရှိုင်းသွင်အမေးကို ပြန်ဖြေရန် မင်းဒသခေါင်းရှုပ်သွားသည်။ ပုခုံးကဒဏ်ရာ...ခြေထောက်က ဒဏ်ရာ...အခုတောင် အသေကိုက်ခဲနေတာ ပြန်ဖြေဖို့ စိတ်ဆန္ဒအလျဉ်းမရှိ....။ သို့ပေမယ့် ဇွန်းကိုက်လျက်သားနဲ့ မိမိကိုကြည့်ကာ အဖြေစောင့်နေသော ကောင်လေးရှိနေသည်မို့ မတင်မကျနဲ့ပင်....

"ထင်တာပဲ..."

"လိုက်ခဲ့ပါကွာနော်...မလိုက်မဖြစ်ခရီးကို မလိုက်ရင် စာမေးပွဲအောင်မှာမဟုတ်ဘူး"

"အင်း..."

ဘာစကားမှထပ်မဆိုတော့ဘဲ စားပွဲခုံပေါ် လက်ညိုးဖြင့် စည်းချက်ကျကျ ခေါက်နေသော မင်းဒသကို ရေခဲမုန့်စားရင်း ရှိုင်းသွင်အကဲခတ်နေမိသည်။

မင်းဒသသည် ခါတိုင်းနဲ့ကိုမတူ...တင်းမာနေသည့် မျက်နှာကြောကလည်း သည်နေ့မှ လျော့ရဲနေသယောင်ယောင်ဖြစ်နေသည်။ မျက်နှာအခြေနေက သိပ်မဟန်...အလိုမကျနေတာမဟုတ်....အားနည်းနေသလို ဖြူဖပ်ဖပ်နဲ့...မိမိအိမ်ရှေ့မှာလည်း ဒေါသတကြီး ဆိုင်ကယ်ကို ဆောင့်ကန်နေခဲ့သေးတာ...သူဘာတွေဖြစ်နေတာပါလိမ့်။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now