မင်းဒသသည် သတင်းကောင်းများ ဆက်တိုက်ကြားနေရတော့သည်။ နိုင်ငံရေးဂိုဏ်းကျသွားပြီဆိုတဲ့အကြောင်း....နောက် ခွန်နဝီက မိတ်ဆွေကောင်းပီသစွာဖြင့် အလုပ်နေရာများအား မင်းဒသလက်ထဲ ပြန်အပ်ခဲ့သည်။ တစ်နည်းအားဖြင့် Scorpionဂိုဏ်းပိုင်နက်များအား မြွေပွေးနာမည်ဖြင့် အားလုံးပြန်ရခဲ့ခြင်းဖြစ်သည်။
"ထူးဆန်းနေတယ်...."
မင်းဒသ၏ တွေးဆဆပြောသံကြောင့် Kနှင့်Dတို့ သေနတ်များကို စစ်ရင်း လှည့်ကြည့်သည်။
"ငါ့အဘိုးပေါ်မလာသေးဘူး...ပြီးတော့ မယ်မယ်သတင်းရောပဲ"
"အလစ်ဝင်လာရင်ရော....အဲ့ဒါက အဖြစ်နိုင်ဆုံးပဲမလား"(D)
"မဟုတ်ဘူး...တစ်ခုခုတော့ရှိနေတယ်...ငါတွက်ထားတဲ့ အချိန်အတိုင်းအတာအရ ဒီအချိန်မှာ ငါ့အဘိုးက ငါ့ဆီလာသင့်နေတဲ့ တစ်ဦးတည်းသောသူပဲ"
"မြွေပွေး...မင်း တော်တော်အနားယူရဦးမှာ...ဟာရူကီချီကိစ္စပြီးတာတောင် မင်းစိတ်က နေမကောင်းသေးတာ ငါသိနေတယ်"(K)m
"အင်း...မင်းဘာပဲစိတ်ပူနေနေ ငါတို့ အားလုံးရှင်းပေးမှာမို့ အနားယူသင့်တယ်"(D)
"တစ်ခုခုတကယ်မှားနေတယ်...ငါအဝတ်စားလဲမယ်...ငါ့အဘိုးဆီသွားမယ်"
"ဟေ့ကောင်...စကားသိပ်နားထောင်ပါလားကွ"(K)
"မဟုတ်ဘူး...ငါအနားယူနေမှ နေကပိုမကောင်းဖြစ်လာတာ...ငါအလုပ်လုပ်မှဖြစ်မယ်"
ထိုသို့ငြင်းခုန်နေစဉ် အခန်းတံခါး လာခေါက်သံအား ကြားလိုက်ရသည်။ Dက မင်းဒသအရှေ့မှ ကွယ်ရပ်လိုက်ပြီး Kက တံခါးနားသို့ အသာလျှောက်သွားသည်။ အကြောင်းက ဆရာဝန်တို့ Nurseတို့ဆိုလျှင် အသံပေးပြီး ဝင်လာတတ်ကြသည်။ ဧည့်သည်လည်းလာစရာအကြောင်းမရှိ...အခုက တံခါးခေါက်လိုက်သောကြောင့် အကုန်လုံးက နိုးနိုးကြားကြားဖြစ်သွားကြသည်။
Kသည် တံခါးအား ဆွဲဖွင့်ကာ လက်တစ်ဖက်က ခါးကြားထဲမှ သေနတ်အား အသင့်ကိုင်ထားသည်။ တံခါးပွင့်သွားသည်နှင့် အားလုံးက ကြောင်သွားကြသည်။ ရောက်လာသည့်သူက မင်းဓနဖြစ်နေသောကြောင့်ပင်...။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
РазноеDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
