အရိပ်နှင့် စကားမပြောသောကြောင့် ရှိုင်းသွင် နေရာပြောင်းထိုင်မိသည်။ စိတ်ကလည်း စာထဲကို စိတ်လုံးဝမရောက်...လက်မက အနာကိုကြည့်လိုက်...စာအုပ်ထဲ ဟိုခြစ်သည်ခြစ် လုပ်လိုက်နဲ့ အဆင်ကိုပြေနေတော့သည်။
"ဟို...ဆရာတို့ finalတွေ ခရီးထွက်ရမယ်မလား...အဲ့ဒါ ဘယ်အဖွဲ့က ဘယ်နေရာသွားရမယ်ဆိုတာ notice boardမှာ သွားကြည့်ကြပါလို့...ပြီးရင် instructor teacherတွေကို တစ်ချက်သွားတွေ့ကြ...သူတို့က ခရီးနဲ့ ပတ်သက်ပြီး ဘာတွေယူလာရမယ်၊ ဘာတွေလုပ်ရမယ်ဆိုတာ ပြောပြလိမ့်မယ်...ပြီးတော့ မင်းတို့ နောက်အပတ် mondayသွားရလိမ့်မယ်...တစ်ပတ်ကြာမယ်လို့တော့ ဆရာထင်တာပဲ"
"ဟုတ်ကဲ့ပါ"
.
.
.
.
ရှိုင်းသွင်တစ်ယောက် လူရှင်းမှ ရုံးခန်းရှေ့ရှိ notice boardဆီရောက်လာသည်။ တမင်လူရှင်းမှ ရွေး၍ လာခဲ့ပါသည်ဆိုနေ လှေကားဝနားတွင် မတ်တပ်ရပ်နေသော လူနှစ်ယောက်ကိုတွေ့တော့ စိတ်ထဲအလိုမကျဖြစ်သွားသည်။
ဧကရီသည် မင်းဒသ ရင်ဘတ်ပေါ် လက်တင်ကာ ရယ်ရယ်မောမော စကားပြောနေသည်။ ရှိုင်းသွင် သူတို့နှစ်ယောက်ကို မြင်တော့ မျက်နှာလွဲကာ notice boardဆီပဲ သွားလိုက်ပေမယ့်....
"ရှိုင်းသွင်..."
ဧကရီသည် စည်သူနှင့် ရင်းနှီးသောကြောင့် မေးထူးခေါ်ပြောလောက်တော့ ကျွန်တော်နှင့် ခင်သည်။ ထို့ကြောင့် သူလှမ်းခေါ်တော့လည်း ကျွန်တော် လှည့်ကြည့်ရသည်ပေါ့...။
"ဟေး...ဧကရီ...စာရင်းလာကြည့်တာလား"
ရှိုင်းသွင် အတက်နိုင်ဆုံးပြုံး၍ တက်တက်ကြွကြွပင် နှုတ်ဆက်လိုက်သည်။
"ဟယ်...တို့နဲ့ ရှိုင်းက သွားရမယ့်အုပ်စု အတူတူပဲလေ"
"ဟမ်...ဟုတ်လား...ကျွန်တော် သတိမထားမိလိုက်ဘူး"
တကယ်ပါပဲ...ကျွန်တော့်မျက်လုံးက သူ့နာမည်နဲ့ ကိုယ့်နာမည်ပဲ ရွေးမြင်လာတယ်ထင်တယ်။
"ဒါဆို ကျွန်တော်သွားကြည့်လိုက်ဦးမယ်..."
"Okok...see ya!"
ရှိုင်းသွင် မင်းဒသကို လုံးဝမကြည့်ဘဲ ပြန်ထွက်လာသည်။ notice boardဆီကြည့်လိုက်တော့ သွားရမည့်နေရာသည် ချောင်းသာသို့...။ အခုမှပဲ အဖွဲ့စာရင်းစာရွက်ကို ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် သေချာဖတ်မိတော့သည်။ ထိုစဉ် phထဲ မက်ဆေ့ဝင်လာ၍ ဖတ်ကြည့်တော့ အရိပ်ဆီက...။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
De TodoDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
