(၂၈)

33.9K 3.8K 207
                                    

မနက်လား၊ ညလားတော့ မသိ...ရှိုင်းသွင်တစ်ယောက် ညောင်းချိလာသဖြင့် မျက်စိနှစ်လုံးပွင့်လာမိသည်။ ညက သောက်သည့်အရှိန်များသဖြင့် ခေါင်းကလည်း နောက်ကျိကျိ...။ မိမိကိုယ်ကြီး လေးလံသည်ဟု ခံစားမိသဖြင့် ကြည့်မိတော့ မင်းဒသသည် မိမိတစ်ကိုယ်လုံးကို မြွေတစ်ကောင်လို ရစ်ပတ်ထားသည်။ တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းထားသည့်အပြင် ခြေထောက်တစ်ဖက်ကလည်း ရှိုင်းသွင်ခါးပေါ် ခွလျက်သားအခြေနေဖြင့် အတော်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

ညက ကျော်မင်းသူနှင့် ဝေယံတို့ သူ့ကို လိုက်ပို့ရသည်ကို မှတ်မိသည်...နောက်တော့ ဒသနဲ့တွေ့ပြီး ဒသက သူ့ကိုချီခေါ်လာသည်။ အဲ့နောက်တော့ ဘာမှကို သတိမရတော့...။

ရှိုင်းသွင်တွေးနေရင်း ခံစားမိလိုက်သည်က မိမိတစ်ကိုယ်လုံးလည်း အဝတ်ကင်းမဲ့နေသလို မင်းဒသကိုယ်ပေါ်မှာလည်း ဘာမှမရှိ...။ ခန္ဓာကိုယ်တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားသလို ပင်ပန်းနွမ်းလျနေသောကြောင့် ရှိုင်းသွင် အနည်းငယ်တော့ သဘောပေါက်လိုက်သည်။ ထို့ကြောင့် မော့ကြည့်မိတော့ မင်းဒသခေါင်းပေါ်မှ ပတ်တီးစကို သတိထားမိသွားသည်။

"ဘာဖြစ်တာလဲ..."

ခပ်တိုးတိုးရေရွတ်ကာ ပတ်တီးစကို လက်ဖြင့်အသာယာထိကြည့်မိတော့ သတိအမြဲကပ်နေသော မင်းဒသက ဆတ်ခနဲ မျက်လုံးဖွင့်လာသည်။

"ဘာဖြစ်သွားတာလဲ"

"ခေါင်းပေါက်သွားတာလေ"

ထိုသို့ပြောပြီး ရှိုင်းသွင်နဖူးကို ဖျတ်ခနဲ ငုံ့နမ်းလိုက်ပါသော မင်းဒသ...။

"ဘာလို့ ခေါင်းက ပေါက်လာတာလဲ"

"မင်းလုပ်တာလေ..."

"ငါလုပ်တာ"

ရှိုင်းသွင်သည် အင်မတန် လန့်သွားသော မျက်လုံးများဖြင့် မင်းဒသကို ကြည့်နေမိသည်။

"အင်း..."

မင်းဒသသည် ရှိုင်းသွင်ကို အားရှိပါးရှိ ပြန်ဖက်လိုက်ပြီး ပါးကို ထပ်နမ်းကာ...

"ဝက်လိုပဲ ... နံစော်နေတာပဲ..."

"ဘာ..."

ရှိုင်းသွင်သိတော့သိသည်...မနေ့တည်းက ရေမချိုး...နောက်ပြီး အရက်အိုင်ထဲက ပြုတ်ကျလိုက်သေးသည်။ ဒါလည်း ကိုမင်းဒသတို့က အတင်းဖက်နမ်းနေတုန်းပဲ....

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now