မင်းဒသတစ်ယောက် ဆတ်ခနဲ လန့်နိုးလာကာ ထထိုင်မိသည်။ အိမ်မက်ဆိုးများ မက်ပြန်သည်လေ...။ ထုံးစံအတိုင်း မေ့လို့မရသည့် အတိတ်ဆိုးကြီးပေါ့။ တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေသည့်အပြင် အားကိုးတကြီးနှင့် မိမိဘေးကို ကြည့်လိုက်တော့ ရှိုင်းသွင်က ရှိမနေ...။
ဘယ်ပျောက်သွားတာလဲ ဆိုသည့်စိတ်ဖြင့် အခန်းထဲမှ ပြေးထွက်လာမိသည်။
"၅၆, ၅၇, ၅၈, ၅၉, ၆၀....ကဲ...ရပြီဗျာ"(K)
"အား...၆၀ထိလုပ်နိုင်သွားမယ်လို့မထင်ထားဘူး"
ရှိုင်းသွင်တစ်ယောက် ပျော်လဲပျော် မောလည်းမောလွန်း၍ ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် လှဲအိပ်ချလိုက်သည်။ မင်းဒသကတော့ အပေါ်ထပ်မှ ဆင်းလာကာ ဧည့်ခန်းနားတွင် အသံကြားသဖြင့် အသံရှိရာသို့ ရောက်လာခဲ့သည်။
"ဘာတွေလုပ်နေကြတာလဲ"
"အာ...ငါ ဒိုက်ထိုးတာ အခါ၆၀တောင်ရသွားပြီ..ဟီး..ဟီး"
ရှိုင်းသွင်သည် တင်ပလ္လင်ချိတ်ထိုင်ကာ လက်ချောင်းခြောက်ချောင်းထောင်ပြ၍ မင်းဒသအား ကလေးတစ်ယောက်လိုကြွားနေသည်။ မင်းဒသ မျက်နှာမှာတော့ သိသိသာသာပျက်ယွင်းသွားလျက်....
"သေကုန်တော့မှာပဲ...ဘာလို့အဲ့ဒါတွေ လုပ်နေတာလဲ...လူကကြည့်ရင် ဖြူ ဖတ်ဖြူ ရော်နဲ့ မတန်မရာတွေ လုပ်မနေနဲ့.....K ...မင်းလည်း ငါ့ကောင်လေးကို အဲ့လိုတွေ trainပေးစရာမလိုဘူး...ငါမသေသေးဘူး...ငါတစ်ယောက်လုံးရှိနေသေးတယ်...အားရှီး..."
ဒေါသဟုန်းဟုန်းတောက်လျက် Kနှင့်ရှိုင်းသွင်အား ဆူပူသွားပါသော ကိုမင်းဒသ ခေါ် မြွေပွေးတစ်ယောက် မီးဖိုချောင်သို့ ဝင်သွားရင်း စားဖို့သောက်ဖို့ လှန်လှောရှာတော့သည်။
"ဟို...ဟိုဟာ...ပေါင်မုန့်ကြက်ဥကြော်ပေးရမလား...လောလောဆယ်စားဖို့ အဲ့ဒါပဲ ရှိတယ်"
မင်းဒသ ဒေါသထွက်နေမှန်းသိ၍ ရှိုင်းသွင်တစ်ယောက် ကုပ်ကုပ် ကုပ်ကုပ်ဖြင့် မီးဖိုချောင်ထဲ လိုက်ဝင်လာကာ နံရံအကွယ်မှနေ၍ စကားလှမ်းပြောနေလေသည်။ သို့နှင့် မင်းဒသက ဖျတ်ခနဲ လှည့်ကြည့်တော့ ရှိုင်းသွင်လန့်သွား၍...
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
RandomDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
