Special Extra (7)

26.3K 2.8K 172
                                        

"ကျွိ" (ကားဘရိတ်ဆောင့်အုပ်သံ)

ခြံတံခါးအား ဝင်မတိုက်ရုံတမယ် ရပ်လိုက်သောကားကြောင့် ရှိုင်းသွင်လန့်ကာ လက်ထဲမှ ရေပိုက်လေးပြုတ်ကျသွားသည်။

ထို့နောက် ကားပေါ်မှ လူများဆင်းလာကြတော့ ရှိုင်းသွင်သည် ပန်းအိုးများကြား၌ ထားတတ်သည့် မြက်ရိတ်ကတ်ကြေးအားလှမ်းဆွဲယူလိုက်သည်။ သို့သော်...

"ရှိုင်းသွင်...ရှိုင်းသွင်"(K)

Kသည် ခြံတံခါးအား ဆောင့်တွန်းရင်း ဝင်လာမှ ရှိုင်းသွင်သက်ပြင်းချကာ ရယ်မိသွားသည်။ ထို့နောက် ကတ်ကြေးအား ပြန်ပစ်ချလိုက်ကာ....

"ကျွန်တော်လန့်သွားတာပဲ...ဒါနဲ့ လူစုံတက်စုံပါလား...ဒသကို လာတွေ့ကြတာလား"

ရှိုင်းသွင်၏ မေးခွန်းကြောင့် အားလုံးက ဘာပြန်ဖြေရမယ်မသိကြ...။ ရှိုင်းသွင်သည် အရိပ်အကဲတစ်ချက်ကြည့်လျက်....

"အလောတကြီးနဲ့လာတာဆိုတော့...."

"ရှိုင်းသွင်ဘယ်မှာလဲ"

ရှိုင်းသွင်စကားတောင်မဆုံးသေး လူမတွေ့ဘဲ အသံအရင်ထွက်လာသော မင်းဒသကြောင့် အားလုံးက လန့်သွားကြသည်။ ထို့နောက် မင်းဒသသည် Taxiပေါ်မှ အပြေးအလွှားဆင်းလာလျက် ခြံထဲသို့ဝင်လာသည်။ ခြံထဲရောက်သည်နှင့် ရှိုင်းသွင်ကိုတွေ့လိုက်ရ၍ မင်းဒသသည် ပြုံးလိုက်ရင်း လာပြေးဖက်သည်။

အဖက်ခံထားရသော ရှိုင်းသွင်ခမျာ ဘာမှနားမလည်သောကြောင့် မင်းဒသအား ပြန်ဖက်ပေးထားရင်း...

"မင်း အဆင်ပြေရဲ့လား"

"အင်း...အင်း...ငါ...ငါ..."

မင်းဒသသည် မောနေ၍ စကားတောင် ဆုံးအောင်မပြောနိုင်...အိမ်ရှေ့အဝင်အဝတံခါးနားလေး၌ ပြေးထိုင်သည်။ ရှိုင်းသွင်လည်း မင်းဒသဘေး ဝင်ထိုင်လိုက်ကာ....

"ဖြည်းဖြည်း...တစ်ကိုယ်လုံးလည်း ချွေးတွေချည်းပဲ"

"မင်း...မင်း...ဘာမှ မဖြစ်ဘူးနော်"

"အင်း..အင်း..ငါဘာမှမဖြစ်ဘူး...နေဦး စကားမပြောနဲ့...အမောဖြေ...ဖြည်းဖြည်းချင်းအသက်ရှု...မင်းကိုယ်မင်း နှလုံးရောဂါသမားဆိုတာ သတိရော ထားမိသေးရဲ့လား"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now