(၅၀)

35.5K 3.6K 244
                                        

မှောင်ခိုလောကတွင် scorpionဂိုဏ်းသစ်ဖွဲ့စည်းပြီဆိုသော သတင်းသည် ဂိုဏ်းများအားလုံးအား လှုပ်လှုပ်ရွရွဖြစ်စေသည်။ မြွေပွေးသည် ဂိုဏ်းမဲ့ဖြစ်သွားကာ ပျောက်ခြင်းမလှ ပျောက်သွားပြီးကာမှ ဂိုဏ်းသစ်တစ်ခုဖြင့် ပြန်လာသည်ဆိုသော သတင်းသည် ဂိုဏ်းကြီးများအား စိုးရိမ်မှုများစေပြီး ဂိုဏ်းငယ်လေးများအား လန့်ဖြန့်စေသည်။ မြွေပွေးအကြောင်းကောင်းကောင်းသိသည်...သည်တစ်ခါ မြွေပွေးသည် ကိုယ်ယောင်ပျောက်နေသည်။ ဤအခြေနေသည် ပိုလန့်စရာကောင်းသည်။

ရွှေတြိဂံဂိုဏ်းကလည်း အခွင်းခံရသည်သာဆိုသည်...ယခုတော့ လင်းယုန်မယ်သည် ဂိုဏ်းဆက်ခံသူအဖြစ်နာမည်ထွက်လာလျက် ဘယ်ကမှန်းမသိထွက်လာတဲ့ ရွှေတြိဂံဂိုဏ်းသားတွေ...။

Scorpionဂိုဏ်းသစ်နှင့် ရွှေတြိဂံဂိုဏ်းက သင့်မြတ်ကြသည်ဟုလည်း သတင်းများက ရထားကြ၏ ။ နောက် ဗကဂိုဏ်း၏ အငွေ့အသက်တွေက မြွေပွေးနားမှာဝဲနေသေးသည်။

ဤအချိန်အခါသည် ဂိုဏ်းများအားလုံး သတိကြီးကြီးထားကာ ဂိုဏ်းကိုကာကွယ်ထားသည်မှာ အကောင်းဆုံးဖြစ်လိမ့်မည်။ scorpionဂိုဏ်းသစ်ဆိုတာသည် ဘယ်ပုံဘယ်နည်းဖြင့် ထွက်လာမည်ကို မခန့်မှန်းတတ်ကြသောကြောင့်ပင်....။
.
.
.
.
.
Scorpionဂိုဏ်း....

"Scorpionဂိုဏ်းသစ်တဲ့လား...ဘယ်သူ့သဘောနဲ့လဲ"

ဦးဝမ်းသည် အကြီးအကျယ်ပေါက်ကွဲလေပြီ။ Roseလည်း မင်းဒသ၏ surpriseအကြီးစားကြီးကို အံ့သြမိရုံမှအပ မတတ်နိုင်...။

"နောက်ပြီး ငါ့စီးပွားရေးကို ခွန်နဝီက မသိမသာတွေ နေရာဝင်ယူနေပြီ...မြွေပွေး...မင်းအတော်ဆိုးတဲ့ကောင်ပဲ...ငါ့မြေးမို့ ကြည့်နေတာကို အကောင်းမှတ်နေတဲ့ကောင်"

Roseသည် ဦးဝမ်း၏ ပေါက်ကွဲသံစဉ်များကို နားထောင်ပြီးနောက်....

"ဒါလင်...လုပ်စရာရှိတာသာ လုပ်ပါ...ရှေ့နေဦးမိုးယံကိစ္စကို ဒီထက်စောပြီးရှင်းသင့်ပြီ...ပြီးရင် ရှိုင်းသွင်...သူက မြွေပွေးရဲ့ အားနည်းချက်ပဲ...ဒါလင် သူ့ကိုရအောင်ယူနိုင်ရင် မြွေပွေး သူ့အလိုလို ဒီနေရာကို ရောက်လာပါလိမ့်မယ်"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now