Special Extra(2)

39.2K 3.4K 338
                                        

မင်းဒသတစ်ယောက် အိပ်ယာပေါ်တွင် ငြိမ်ကာ စာအုပ်တစ်အုပ်အား စိတ်ဝင်စားစွာ ထိုင်ဖတ်နေလေသည်။ ရှိုင်းသွင်ကတော့ laptopတစ်လုံးဖြင့် အလုပ်ရှုပ်နေလျက် ငြိမ်ချက်သားကောင်းနေသည့် မင်းဒသအား အလုပ်စားပွဲမှ လှမ်းလှမ်းကြည့်မိသည်။

လွန်ခဲ့သည့် အပတ်က မင်းဒသသည် NYသို့ ပြန်သွားသေးသည်။ ရှိုင်းသွင်ကတော့ အလုပ်များရှိနေ၍ မလိုက်သွားနိုင်။ နှစ်ယောက်သားက နိုင်ငံသား ခံယူသည့်ကိစ္စနှင့် ပတ်သက်၍လည်း ရန်ဖြစ်ရပေါင်းမနည်းတော့။ ရှိုင်းသွင်က မြန်မာနိုင်ငံသား ပြန်ခံယူစေချင်သည်။ မင်းဒသကလည်း မလုပ်ဘူးဆို လုံးဝမလုပ်...။ ဤအခြေနေ၌ နှစ်ယောက်သားက လုံးဝမတည့်ကြ။

အမှန်တိုင်းပြောရလျှင် အစောပိုင်း၌ နှစ်ယောက်သားက ရန်ဖြစ်ထားကြသေးသည်။ အကြောင်းကတော့....

"ငါမလုပ်ချင်ဘူးဆိုကွာ..."

မင်းဒသသည် စိတ်ညစ်သည့်အသွင်ဖြင့် မျက်နှာရှုံ့မဲ့လျက် ရှိုင်းသွင်အားကြည့်ကာ ပြောလိုက်သည်။

"အေး...ဘာလို့မလုပ်ချင်တာလဲ...ငါ့ကိုပြော...မင်းရဲ့ အတိတ်ဆိုးတွေကြောင့်လို့တော့ လာမပြောနဲ့...ငါဒီမှာရှိနေတယ်လေ...မင်းအတွက် ဒီနိုင်ငံသားပြန်ပြောင်းတာ အရမ်းခက်ခဲနေလား"

"မင်းကရော ဘာလို့ ငါ့ကိုအတင်းပြောင်းခိုင်းနေတာလဲ... ငါ့ကိုအားလုံးနားလည်နေပြီးမှ ဘာလို့ ဒီကိစ္စကိုကျတော့ လက်မခံပေးနိုင်ရတာလဲ"

"အေး...မင်းကရောဘာလို့ ငါ့စကားကို နားမထောင်ရတာလဲ...ငါမင်းကို ကောင်းစေချင်လို့လေ"

နှစ်ယောက်သား မတ်တပ်ရပ်ပြီး မျက်နှာချင်းဆိုင်ကာ ကလေး‌တွေလို လက်လေးများနောက်ပစ်၍ ရန်ဖြစ်နေကြသော သူတို့ပါပင်....

"ဘယ်မှာနေနေ...အဲ့ဒါတွေက အရေးကြီးလို့လား... အရေးကြီးတာက မင်းပဲ...မင်းပဲ ငါ့အတွက်အရေးကြီးတာ"

"အဲ့ဒါကြောင့် ငါ့ကို ဆယ်နှစ်တောင်အရူးလုပ်ခဲ့တာမလား... ငါ့ကိုရူးအောင်တောင်လုပ်လိုက်သေးတယ်လေ...လူဆိုးကောင်ရဲ့"

"အဲ့စကားကိုထည့်မပြောနဲ့ ...ငါမင်းကို အမြဲမျက်ခြေမပြတ်ဘူး...ငါ့ကို အဲ့စကားလာမပြောနဲ့"

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now