(၂)

88.3K 7.1K 266
                                        

ထွန်းလင်းစနေရောင်၏ တောက်ပသည့်အရှိန်ကြောင့် ကျွန်တော် လန်းဆန်းစွာနှင့် နိုးလာခဲ့သည်။ ဒီနေ့တော့ Alarmမမြည်ခင် ထသည့်နေ့မို့ နာရီကို alarm off ကြိုလုပ်နိုင်လိုက်ပြီး ကုတင်ပေါ်တွင် ခဏထိုင်နေမိသေးသည်။ နံရံမှာ ကပ်ထားသည့်စာရွက်ပေါ်တွင် ဒီနေ့တက်ရမည့် အတန်းချိန်များကိုကြည့်လိုက်တော့ Musicအချိန်ပါနေသည်။ majorအချိန်တွေသိပ်မရှိတော့ စိတ်သက်သာရာရသလိုတောင် ခံစားသွားရသည်။

"Bro...ထပြီလား"

အခန်းတံခါးခေါက်သံကြောင့် ရှိုင်းသွင်မတ်တပ်ရပ်လိုက်ပြီး....

"အေး...နိုးနေပြီ"

သူ့ကိုလာနှိုးသူကတော့ သူ့ရဲ့တစ်ဦးတည်းသော ညီလေး ရှိုင်းယံ...။ ရှိုင်းယံသည် ရှိုင်းသွင်ထက် ခြောက်နှစ်ငယ်သည်။ သို့သော် ရှိုင်းသွင်ထက် လူကောင်ကြီးသည်။ မသိသည့်သူများက ရှိုင်းယံကို အကြီးဟုသာ ထင်ကြ၏။ နောက်ပြီး ရုပ်တွေကလည်း မဆင်ကြ...ရှိုင်းသွင်သည် အမေတူပြီး ရှိုင်းယံက အဖေတူသည်။ ရှိုင်းသွင်၏ အသားရေသည် သွေးမရှိအောင်ဖြူဖွေးပြီး ရှိုင်းယံကတော့ ညိုညက်သည့်အသားရေဖြင့် ယောကျ်ားပီသသည့် ပုံစံကအပြည့်....တစ်ခါတလေတော့ ကိုယ့်ညီကို အားပြန်ကျရသည့်အချိန်က ရှိုင်းသွင်တွင် ရှိနေသေးသည်။

ရှိုင်းသွင် ကျောင်းသွားဖို့အတွက် ရေမိုးချိုး ပြင်ဆင်ပြီးသည်နှင့် လွယ်အိတ်တစ်ဖက် ဂစ်တာအိတ်တစ်ဖက်လွယ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။ ထမင်းစားခန်းတွင်တော့ မိသားစုလူစုံတက်စုံရှိနေကြသည်။ သည်အချက်က ထူးခြားသည့်အချက်ပင်....ရှိုင်းသွင်တို့ မိဘများသည် ခရီးသွားနေကြတာကများသည်။ အဖေသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၌ တာဝန်ထမ်းဆောင်နေရသော အရာရှိဖြစ်သည်။ ထို့ကြောင့် နေပြည်တော်နှင့်ရန်ကုန်ကို အပြန်ပြန်အလှန်လှန်ကူးသန်းနေရသည်။ အမေသည် အိမ်အတွင်းအပြင်အဆင် decorationနှင့် designerတစ်ယောက်ဖြစ်သည်။ companyအသေးစားလေးက အောင်မြင်လာသည်နှင့်အမျှ customerငှါးသည့်နောက်သို့လိုက်ရသည်။ သည်လောက်အလုပ်များနေသည့်သူတို့နှစ်ယောက် ဘယ်လိုတွေ့ဖြစ်ကြလဲတော့ တစ်ခါမှ မေးမကြည့်ဘူးခဲ့....။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now