(၉.၁)

47.2K 5K 77
                                    

မနက်ပိုင်း အတန်းချိန်အားလုံးကို ဖျက်ကာ ပြိုင်ပွဲအတွက် စန္ဒယားတီးလေ့ကျင့်ပြီးသည်နှင့် ရှိုင်းသွင်တစ်ယောက် အပျင်းကြောဆန့်လျက် ကျောင်းရှေ့သို့ထွက်လာခဲ့သည်။

"အား...ပင်ပန်းလိုက်တာ...ညောင်းလွန်းလို့ သေတော့မှာပဲ"

ထိုစဉ် နေ့တစ်ဝက်ကျောင်းလာတက်သော မင်းဒသနှင့် မျက်နှာချင်းဆိုင်တန်းတိုးတော့သည်။ ရှိုင်းသွင်သည် လက်များမြောက်ထားပြီး အပျင်းကြောဆွဲဆန့်ကာ သန်းနေသည့်အချိန်နှင့် ကွက်တိပင်....။

ရှိုင်းသွင် ထိုပုံစံနှင့် မင်းဒသကိုကြောင်ကြည့်နေမိသည်။ မင်းဒသသည် အမဲရောင်အတော် နှစ်ခြိုက်သူဖြစ်သည်။ ကျောင်းလာသည့်အချိန်တိုင်း အမြဲ အမဲရောင်အင်္ကျီနှင့်ပင်...။ ဒီနေ့မှ အထူးအဆန်း အဖြူရောင်ဝတ်လာသည်။ အပေါ်အင်္ကျီလက်ရှည်ကတော့ အဖြူနှင့်မိုးပြာရောင်နုနု စပ်ထားသည့် ရှပ်ကို ဝတ်ထားသည်။ ထိုသို့မြင်လိုက်ရသည်က မင်းဒသကို အခြားလူတစ်ယောက်လို ဖြစ်‌စေသည်။

မင်းဒသလည်း ရှိုင်းသွင်ကို ပြန်ကြည့်နေမိသည်။ အပျင်းကြောဆန့်လျက် တန်းလန်းကြီး သူ့ကို အသားကုန်ကြည့်နေသောကြောင့်ပင်...။

သို့ပေမယ့် ရှိုင်းသွင် မျက်လုံးတွေ ပြူးကျယ်လာမိသည်။

"မင်း အဆင်ပြေရဲ့လား"

ရှိုင်းသွင်ဆီမှ အလန့်တကြားစကားသံ ထွက်လာသောကြောင့် မင်းဒသ ဘာဖြစ်လို့လဲဆိုသည့် အကြည့်ဖြင့် မျက်ခုံးပင့်ပြလိုက်သည်။

"မင်း...လက်...လက်က..."

သူပြောမှ ကိုယ့်လက်ကို ပြန်ကြည့်တော့....

"Shit!"

ရေချိုးခါနီး အလောသုံးဆယ် ပတ်တီးတွေဖြည်ပြီး ရေကို မရမက ချိုးလာခဲ့သည်။ ပြီးတော့ ဆေးတွေဘာတွေ မထည့်ဘဲ ပတ်တီးကို ဖြစ်သလို ပြန်စည်းလာခဲ့သည်။အခု ပတ်တီးက ပြေကျပြီး သွေးတွေက အင်္ကျီမှာ အကွက်လိုက် လာပေနေသည်။

"ဘာဖြစ်လာတာလဲ...မင်း အဆင်ပြေရဲ့လား"

ရှိုင်းသွင်က ရုတ်တရက်ဘေးကို ဗြုန်းစားကြီးရောက်လာပြီး မင်းဒသလက်ကို ဆွဲကိုင်ထားကာ အင်္ကျီလက်ရှည်စကို အပေါ်သို့ဆွဲတင်လိုက်သည်။ ဟုတ်ပါသည်...ပတ်တီးစက ပြေနေပြီး ပြုတ်တောင်ကျတော့မည်။ လှီးထားသည့် ဒဏ်ရာဒဏ်ချက်က လေးချက်တိတိ၊ တစ်ချက်အရှည်သည် လက်ညိုးတစ်ချောင်းစာလောက် ရှိသည်။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now