Note:
ဒီအပိုင်းကို ဆက်မဖတ်ခင် နှလုံးအစားထိုးခွဲစိတ်တဲ့အကြောင်းလေးကို ဗဟုသုတအဖြစ် အရင်ဖတ်ကြည့်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် စာဖတ်လိုက်တဲ့အခါမှာ စိတ်ကူးယဉ်ရေးထားတဲ့ ပုံစံမျိုးကို ဖတ်လိုက်ရသလိုမဟုတ်ဘဲ စိတ်လှုပ်ရှားမိအောင်ပါ။ သို့သော် သတိပေးချင်တာက စိတ်အားငယ်တတ်တဲ့သူတွေဆို ကျော်ဖတ်လိုက်တာက အဆင်ပြေပါတယ်....ဘာလို့ဆို ခွဲစိတ်မှုအကြောင်းတွေပါ အသေးစိတ်ပြောပြထားလို့ပါ။
နောက်ပြီး စာဖတ်သူတွေထဲ ဆရာဝန်တွေများရှိခဲ့ရင် အမှားများကိုထောက်ပြပါဦး...ဒါကို ကျွန်မဗဟုသုတရှိသလောက်ပဲ ရေးပြထားတာမို့လို့ပါ။
//////////////////////////////////\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\
"နှလုံးအစားထိုးကုသခြင်းဆိုတာဘယ်လိုမျိုးလဲ"
_နှလုံးအစားထိုးကုသခြင်းအကြောင်းပြောရမယ်ဆိုရင် အရင်ဆုံး အလှူ ရှင်ကနေ စပြောရမှာပေါ့။
ပထမအဆင့်....အလှူ ရှင်သည် ဦးနှောက်အလုပ် မလုပ်တော့တဲ့သူ ဖြစ်နေရပါမယ်။ သို့သော် သူ့နှလုံးကတော့ ပုံမှန်အလုပ်လုပ်နေရမယ်။
ဒုတိယအဆင့်....အလှူ ရှင်၏ နှလုံးသည် သာမာန်မည်သည့်ရောဂါမျှမရှိဘဲ ပကတိကောင်းမွန်နေသော နှလုံးဖြစ်ရပါမယ်။
တတိယအဆင့်....အလှူ ရှင်နဲ့ လက်ခံသူသည် သွေးအမျိုးအစားသာမက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ တစ်ရှူးလို့ခေါ်တဲ့ ဇီဝကလာဘ်စည်းအစုအဝေးတော်တော်များများဟာ ကိုက်ညီနေမှုရှိရပါမယ်။
နောက်ဆုံးအနေနဲ့ လက်ခံသူဟာလည်း အသက်အားဖြင့် ၆၀အထက် ရောက်မနေရပါဘူး။ နှလုံးတစ်ခုတည်းကလွဲပြီး အခြားရောဂါအခံ ရှိနေလို့မရပါဘူး။
သည်လို အဆင့်တွေကို ဘာကြောင့် ဖြတ်ကျော်ခိုင်းရသလဲဆိုရင် နှလုံးအစားထိုးခွဲစိတ်တယ်ဆိုတိုင်း အောင်မြင်မှုရာခိုင်နှုန်းဟာ ၈နှစ်မှာမှ တစ်ကြိမ်လောက်သာ အောင်မြင်နိုင်ချေပဲ ရှိပါတယ်။ လက်ခံသူဟာ အလှူ ရှင်ရဲ့နှလုံးကို မိမိခန္ဓာကိုယ်ထဲ လက်ခံထားလိုက်တယ်ဆိုပေမယ့် နှလုံးသားသည် နေရာစိမ်းတစ်ခုကို ရောက်လာတဲ့အတွက် လက်ခံသူရဲ့ ကိုယ်တွင်းအင်္ဂါများက ဒီနှလုံးရဲ့ အလုပ်လုပ်ပုံတွေကို တွန်းကန်ပါတယ်။ စစ်တိုက်သလိုပါပဲ...ကိုယ့်နယ်မြေထဲကို ရန်သူလာတာမကြိုက်သလိုမျိုး နှလုံးရဲ့ အလုပ်လုပ်ပုံတွေကို ထောက်ပ့ံပေးမှုအားတွေ လျော့ချလိုက်ပြီး လက်မခံကြောင်း ပြသတာပါ။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
РазноеDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
