"ရှိုင်းသွင်...ရှိုင်းသွင်...ထစမ်း"
"ဟင်...အင်း..."
_ပုံမှန်ဆို စာသင်ချိန်အတွင်း ကျွန်တော်က လုံးဝ အိပ်မငိုက်တက်တဲ့အပြင် အိပ်ပျော်သွားဖို့ဆိုတာ ဝေးလေစွ...။ မနေ့ညက You Tubeမှာ တွေ့တွေ့သမျှ Boy Love Seriesတွေကြည့်ပြီး မနက်ငါးနာရီထိ မအိပ်လိုက်ဘူးဆိုပါတော့...။ ကျောင်းက မနက်၉နာရီဆို တက်ရပြီ။ ကြားထဲ အိပ်ချိန်နှစ်နာရီပဲ ရှိလိုက်တော့ ကျွန်တော်ပထမဆုံး အတန်းတက်ချိန်မှာတင် ဟန်ကိုမဆောင်နိုင်ဘဲ အိပ်ပျော်သွားလေရဲ့...။ တော်သေးတာက ကျွန်တော့်မှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိနေပေလို့သာ...။
"ဟဲ့...ရှိုင်းသွင်ရေ...ထတော့ဟဲ့..ငါ့နှယ် အိပ်မက်များမက်နေသလား"
_ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ချစ်ရိပ်မေ ဖြစ်ပါတယ်။ ကျောကုန်းကို တဖတ်ဖတ်ရိုက်ပြီးကို အသားကုန် နှိုးနေတော့တာပါ။
"ဟာ...ငါအိပ်မက်မက်တာ တစ်ဝက်တစ်ပျက်ကြီး..."
ရှိုင်းသွင်တစ်ယောက် ခေါင်းထူလာပြီး မျက်လုံးကို လက်နှစ်ဖက်ဖြင့် အပြိုင်ပွတ်သပ်လိုက်သည်။ ဘေးမှ ချစ်ရိပ်မေကတော့ မျက်မှောင်ကြုတ်ပြီး ကြည့်လို့....။
"ဆရာ့ကို အားနာပါဦး...ဘယ်လိုဖြစ်လို့လဲ...နင်တစ်ခါမှ ဒီလိုမဖြစ်ဖူးပါဘူး"
"အွန်း...ငါညက gameအကြာကြီးဆော့နေမိလို့"
"သွား...မျက်နှာသွားသစ်ချေ....အတန်းချိန်ပြီးဖို့က နောက်ထပ် လေးဆယ့်ငါးမိနစ်လိုသေးတယ်"
"အေးပါဟာ....ငါသွားပါ့မယ်"
_ဟုတ်ပါတယ်...ကျွန်တော်ညာလိုက်မိတယ်။ အရိပ်က ကျွန်တော့်ကို Gayတစ်ယောက်ဖြစ်ခွင့်ပေးမှာမဟုတ်ဘူး။ ဘာကြောင့်မှန်းရယ်မသိ ကျွန်တော်ဟာ ကျွန်တော့်ပုံစံကို လက်မခံတဲ့ အသိုင်းဝိုင်းပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်မွေးဖွားလာရတယ်။ ဒီတော့ ကျွန်တော်ဟာ ကျွန်တော့်ခံစားချက်အစစ်အမှန်ကိုဖုံးကွယ်နေထိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာခဲ့တာ ကြာပါပြီ။
ရှိုင်းသွင်တစ်ယောက် မျက်နှာသစ်ရန် သန့်စင်ခန်းဘက်သို့ ခြေဦးလှည့်လာသည်။ ကျောင်းရဲ့ Hallလမ်းမပေါ်မှာ လူသွားလူလာအချို့တော့ရှိသော်ငြား ဆရာ၊ ဆရာမတွေသာ ဖြစ်သည်။ ရှိုင်းသွင်လှေကားပေါ်မှ ဆင်းလာလာချင်းပင် ကောင်လေးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်အနေထားဖြင့် အရှိန်အဟုန်ကြီးစွာ ဝင်တိုက်ခြင်းကို ခံလိုက်ရသည်။ အရှိန်သည် ပြင်းလွန်း၍ ရှိုင်းသွင်ဖင်ထိုင်လျက် လဲသွားတော့သည်။ တစ်ဖက်မှ ကောင်လေးကတော့ ဘာမှမဖြစ်သည့်အပြင် ရှိုင်းသွင်ကိုတောင် မျက်လုံးစိမ်းကြီးတွေနဲ့ စားမတက်ဝါးမတက် ကြည့်နေပါသေး၏။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
De TodoDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
