Sunday!
တနင်္ဂနွေနေ့မှာ ရုပ်ရှင်သွားကြည့်ကြမည်ဟု ပြောထားသည့်အတိုင်း ကျွန်တော်တို့ သူငယ်ချင်းအုပ်စုနှင့် ရွန်းတို့သူငယ်ချင်းအုပ်စုတို့ English သရဲကား တစ်ကားကို သွားကြည့်ဖြစ်ကြသည်။
ကျွန်တော်က ရွန်းနဲ့ ဘေးချင်းကပ် ထိုင်ရသည်။ ထိုင်ဖြစ်အောင်လည်း အချွန်နဲ့ ဝိုင်းမနေကြသည်ကိုး။ အချွန်နဲ့ ဝိုင်းမတာက အရေးမကြီး...ရွန်းအတွက် ကျွန်တော်စိုးရိမ်သည်။ ဒီကောင်မလေး ကျွန်တော့်အပေါ် အရမ်းသဘောကျနေတာကို သူများမပြောဘဲနဲ့လည်း သူ့အပြုအမူလေးတွေကိုကြည့်ပြီး သိနေသည်။
"ပေါက်ပေါက်စားပါဦး"
"အာ...ရတယ်၊ ရွန်းပဲ စားပါ...ကျွန်တော် အအေးနဲ့ပဲ အဆင်ပြေပြီ"
ပေါက်ပေါက်ဘူးလေးကို ကျွန်တော့်ရှေ့ လာထိုးပေးသည့် ရွန်းကို လက်ကာပြပြီး ငြင်းလိုက်သည်။
"ရုပ်ရှင်ကို ကြိုက်ရောကြိုက်ရဲ့လား..."
"အင်း...ကြိုက်ပါတယ်...ကျွန်တော်က သရဲကားကြည့်ရတာ သဘောကျတယ်"
"ဒါမယ့် စိတ်ဝင်စားတဲ့ပုံ သိပ်မပေါ်လို့လေ"
"Aww....အဲ့လိုပဲ...အရမ်းဈာန်ဝင်နေလို့ပါ"
"သြော်...အဲ့လို အဲ့လို...ဒါဆို ရွန်း ငြိမ်ငြိမ်လေးထိုင်နေတော့မယ်နော်"
"အာ...ရပါတယ်"
ကျွန်တော် အနေခက်သည်ထက်ပိုပြီး အနေခက်သည်။ အားနာ၍ ပိုအနေခက်ရသည်။ ရုပ်ရှင်သည် ကောင်းသော်လည်း ကျွန်တော် စိတ်မပါ...ရုပ်ရှင်ကြည့်ရမည့်အစား ဟိုကြည့်သည်ကြည့်ဖြင့် မျက်စိကစားနေမိသည်။ ထိုစဉ် ကျွန်တော့်အရှေ့ ခုံတန်း နှစ်တန်းမြောက်မှာ သဘောကျမိသည့်အရာကို တွေ့မိသည်။
ယောက်ျားလေးနှစ်ယောက်ဆိုတာ သေချာသည်။ မှောင်နေပေမယ့် ယောက်ျားလေးဆိုတာတော့ ကျွန်တော်ကောင်းကောင်းသိသည်။ ခေါင်းချင်းဆိုင်ထားလျက် တစ်ခါ တစ်ခါ မျက်နှာချင်းဆိုင်ပြန်ကြည့်ကာ ပြုံးနေကြသည်။ ကြောက်သည့်အခန်းဆို တစ်ယောက်က တစ်ယောက်ပုခုံးပေါ် ခေါင်းလေးဝှက်လိုက်နှင့် အဆင်ပြေနေကြသည်။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
CasualeDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
