(၅၃)

31.8K 3.4K 211
                                        

၃ရက်ကြာသော်....

စွန့်ပစ်ဂိုထောင်ကဲ့သို့ မှောင်ရိပ်သန်းနေသည့် နေရာတစ်ခုတွင်....

ထိုနေရာ၌ လူတစ်ယောက်အား လက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ခိုင်းထား၏ ။ သည့်အပြင် ထိုသူ၏ မျက်နှာအား အဝတ်စအနက်ရောင်ဖြင့် ဖုံးအုပ်ထားသေးသည်။

သို့နောက် ထိုအဖမ်းခံထားရသူ၏ နားထဲတွင် ဒေါက်ဖိနပ်သံပြင်းပြင်းများအား ကြားလိုက်ရသည်။ ထိုဒေါက်ဖိနပ်သံများသည် ထိုလူအနားတွင် ရပ်သွားသည်နှင့် တစ်ဆက်တည်း ဖုံးထားသည့် အဝတ်စအား ချွတ်ပေးလိုက်သည်။

"မင်း..."

"အင်း...ကျွန်မပါ မာစတာ ဟာရူကီချီ"

အဖမ်းခံထားရသူသည် ဟာရူကီချီ....ဗကဂိုဏ်းမှ လက်ဝယ်ပြန်ယူလာသူက Angelများထဲမှ တစ်ယောက်။

အမှန်တကယ်တမ်း ဟာရူကီချီသည် အငိုက်မိသွားခြင်းပင်။ လေဒီကော်ဘရာမှ မြွေပွေးအား အရှင်ဖမ်းလာကာ ဟာရူကီချီလက်ထဲ အပ်မည်ဟုဆိုကာ ချိန်းဆိုလိုက်သည်ကို ယုံကြည်ကာ ရောက်ချလာခြင်းကြောင့် ဗကဂိုဏ်း၏ အလစ်တိုက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် Angelများက လက်လွှဲယူကာ ဤသို့ စီစဉ်ထားခြင်းဖြစ်သည်။

"ရှင်သိလား...လေဒီကော်ဘရာဆိုတာ ဘယ်တော့မှမရှိတဲ့ဂိုဏ်းတစ်ခုပဲ...တကယ်ရှိတာကတော့ Scorpionက မြွေပွေးပဲ"

"ဘာ"

"ရှင်က မြွေပွေးခေါင်းလောက်ပဲ အာရုံစိုက်နေတော့ အခြားကိစ္စတွေကို ကြိုမမြင်ဘူးမလား။ စိတ်မပူပါနဲ့...Bossက အားလုံးရှင်းပြပါလိမ့်မယ်...ကျွန်မက စကားပြန်လုပ်ပေးမှာပါ"

ထို့နောက် Angelသည် သူမလက်ထဲ အသင့်ကိုင်လာသည့် I-padအား ဖွင့်ကာ ခေတ္တမျှ အလုပ်ရှုပ်နေသည်။

"မင်္ဂလာပါ ဟာရူကီချီ"

စက္ကန့်ပိုင်းမျှကြာပြီးသည်နှင့် screenပေါ်တွင် အခန့်သားပေါ်လာသည့် မင်းဒသ...။ Angelက ဟာရူကီချီ၏ မျက်နှာတည့်တည့်၌ screenအား ထောင်ပြထားကာ ဘာသာပြန်ပေးသည်။

(A/N...ကျွန်မ angelက ဘာသာပြန်လိုက်သည် ဘာညာမရေးတော့ဘူးနော်...ကြားထဲမှာ သင်္ကေတ (....)ဒီလိုမျိုးကို ဘာသာပြန်နေတယ်လို့ပဲ သဘောထားပြီး ဖတ်ပေးပါနော်)

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now