(၃၃)

36.6K 4.1K 355
                                        

ညအချိန်လေးလည်း အနည်းငယ်လင့်လာသည်မို့ ရှိုင်းသွင်အိပ်ငိုက်လာသည်။ မင်းဒသကတော့ ဆေးအရှိန်ကြောင့်လား ဘာလားမသိ...ပြန်ကို မနိုးလာသေး...။

"လူနာစစ်ချိန်ပါ"

ထိုစဉ် ဆရာဝန်က လူနာကြည့်ချိန်မို့ အခန်းထဲသို့ အသံပေးကာ ဝင်လာသည်။

"လူနာက မေ့နေတုန်းလား"

ဆရာဝန်၏ စကားကြောင့် ရှိုင်းသွင်အနည်းငယ်ကြောင်သွားကာ မော့ကြည့်မိသည်။ ဆရာဝန်မျက်နှာကိုသေချာမမြင်ရ... နှာခေါင်းစည်းရှိနေသောကြောင့်ပင်...။

"ကျွန်တော်က ညဘက် roundလှည့်ဖို့ တာဝန်ကျတာမို့လေ"

"သြော်...ဟုတ်...သူ နေ့လည်တုန်းကတော့ သတိပြန်ရလာပြီး နည်းနည်းထိန်းမရဖြစ်သွားလို့ စိတ်ငြိမ်ဆေးပေးထားရပါတယ်"

"သြော်...ဒါဆို အဲ့တည်းက မနိုးသေးတာပေါ့"

"ဟုတ်...ဆရာ"

"ဟုတ်ပြီ...ဒါဆို ကျွန်တော့်ကို တစ်ခုလောက်ကူညီပေးမလား...လူနာရဲ့ ဒဏ်ရာကို အသစ်ပြန်လဲပေးဖို့လေ"

"ဟုတ် ဆရာ...ရပါတယ်"

"အာ..အာ...နေဦး...ညီလေးရဲ့ လက်တွေကို အရင်သန့်ရှင်းရေးလုပ်ပါဦး...လူနာရဲ့ ဒဏ်ရာကို ကိုင်ဖို့က အရေးကြီးတယ်...အပြင်မှာ တာဝန်ကျ nurseတစ်ယောက်ဆီကနေ အရက်ပြန်နဲ့ ဆေးခဲ့လိုက်နော်"

"အာ...ဟုတ် ဆရာ"

ရှိုင်းသွင်လည်း Dr.ပြောသည့်အတိုင်း လုပ်ဆောင်ရန် အခန်းပြင်သို့ထွက်လာလိုက်သည်။ အခန်းအပြင်တွင်တော့ Dနှင့် ကြံ့တို့ အပြိုင်အဆိုင်အိပ်ငိုက်နေကြလေသည်။ ရှိုင်းသွင် ပြုံးကာ nurseထံသို့ အမြန်သွားရန်ပြင်လိုက်သည်။

ရှိုင်းသွင်ထွက်သွားပြီးမကြာ မင်းဒသနှင့်ကျန်ရစ်ခဲ့သည့် Dr.သည် နှာခေါင်းစည်းကို ချွတ်လိုက်ကာ....

"အဆင်သင့်လိုက်တာ...အသာလေးပဲ"

ဆရာဝန်ယောင်ဆောင်ထားသည့် Yakuzaဂိုဏ်းသားသည် ဂျူတီကုဒ်အောက်တွင် ဖွက်ယူလာသည့် ဓားရှည်ကို ထုတ်လိုက်ပြီးနောက် မင်းဒသ၏ လည်ပင်းဝတွင် တင်ထားလိုက်သည်။ ထို့နောက် မင်းဒသနှာခေါင်းတွင် တပ်ထားသည့် အောက်ဆီဂျင်ပိုက်ကို ဖြုတ်ကာ....

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now