(၁၆)

50.4K 4.6K 232
                                        

"အ့...မရဝူး"

"ရတယ်ဆို...ကျပ်နေတာ"

"အ့...နာတယ်...အရမ်းမလုပ်နဲ့"

လမ်းမြှောင်လေးတစ်နေရာတွင် ဆိုင်ကယ်ဦးထုပ်ချွတ်မရ၍ ပြဿနာတက်နေကြသော ရှိုင်းသွင်နှင့် မင်းဒသ။

မင်းဒသဆိုသည်မှာလည်း ချွတ်မရသည့် ကြိုးစည်းကို မဖြုတ်ပေးဘဲ ဦးထုပ်လိုက် ကိုင်ကာ ဆွဲချွတ်နေတော့ ရှိုင်းသွင်ခေါင်းပါ ပါသွားတက်ပြီး အဆင်မပြေနေ...ကြာတော့ နာလာပြီး ရှိုင်းသွင် အော်တော့သည်။

"ကြိုးကိုဖြုတ်ပေးပါလားကွ...အတင်းကြီး ချွတ်နေတာ ငါခေါင်းပြုတ်တော့မယ်"

မင်းဒသတစ်ယောက် စိတ်သည် မရှည်တတ်သည့် လူစားမျိုးကိုမှ ဒီဦးထုပ်ကို ချွတ်ပေးနေရသည်။ နောက်ဆုံး စိတ်မရှည်သည့်အဆုံး ဘောင်းဘီရှည်အောက်တွင် ရှိနေသော ခြေပတ်(ခြေထောက်မှာ ဓားအိမ်တွေ သေနတ်တွေ ထားလို့ရအောင် ပတ်တဲ့ ခါးပတ်ဆန်ဆန်ဟာမျိုးနော်) မှ ဓားမြှောင်ကို ဆွဲထုတ်ပြီး မေးစေ့အောက်မှ ကြိုးကို ဖြတ်တော့သည်။ ရှိုင်းသွင်ဆိုသည်မှာ လူကတုန်ခနဲတောင်ဖြစ်ပြီး ကြက်သေ သေသွားမိသည်။

ဟင်....သူဓားကို ဘယ်လိုဆောင်ထားတာလဲ။

"ကဲ...ရပြီ...စိတ်ကလည်း ငါတော်တော်ရှည်နေပြီ...ဒါချွတ်မယ့်အစား တစ်ခုခုလုပ်လိုက်ရင်တောင် တော်တော်အဆင်ပြေနေပြီ"

"ဘာတစ်ခုခုကိုလုပ်တာလဲ"

ရှိုင်းသွင်သိချင်စိတ်ဖြင့် မေးလိုက်သည့်ပုံကို ကြည့်ကာ မင်းဒသရယ်ရင်း....

"အခုထိနာတာ မပျောက်သေးဘဲ ဘာလုပ်မလဲ သိချင်သေးတာလား"

"အား..."

ရှိုင်းသွင်အော်ရင်း မင်းဒသလက်မောင်းကို လက်သီးနဲ့ထိုးလိုက်သည်။ တကယ်ပါပဲ...ဘယ်လိုတောင် တွေးနိုင်တာလဲ။

"ရှိုင်း"

အမယ်လေး...အော်သံကြီးက ရှိုင်းသွင်လွင့်စင်ထွက်သွားနိုင်သည်။ ဘယ်သူ့အော်သံဆိုသည်ကိုလည်း ရှိုင်းသွင်သိလိုက်သည်။ ထိုသို့ဖြစ်မှာစိုးလို့တောင် မိမိအိမ်ရှေ့တည့်တည့်ကို မရပ်ခိုင်းဘဲ လမ်းကြိုလမ်းကြားထဲ ရပ်ခိုင်းပါသည်ဆိုမှ အခုလို တည့်တည့်တိုးပါတော့သည်။

DISO (ရှာဖွေခြင်းဆီသို့)Where stories live. Discover now