"ဒသရေ...ဒသ...ထတော့...မနက်စာစားမယ်"
ရှိုင်းသွင်သည် မင်းဒသအားနှိုးပြီး အိပ်ခန်းတံခါးအားဖွင့်ထားခဲ့ကာ အောက်ထပ်သို့ ဆင်းလာသည်။ ချစ်ရသော မိမိယောကျ်ားအတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် မနက်စာ ပြင်ဆင်ပေးရန်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မင်းဒသသည် အလွန်ကိုကံကောင်းလွန်းသော အုပ်စုထဲ ပါခဲ့လားမသိ။ ဆယ်နှစ်ကျော်ကြာလာသည်အထိ နှလုံးခွဲစိတ်မှုအရှိန်က အဆင်ပြေနေသည်။ ကျွမ်းကျင်သည့် သမားတော်နှင့် သွားပြချိန်တိုင်း မင်းဒသအားကြည့်၍ မအံ့သြဘဲ မနေနိုင်...လူကောင်းတိုင်း အေးဆေးဖြစ်နေ၍ ဖြစ်သည်။ အင်း...အစ်ကို Aရဲ့ မေတ္တာတွေပေါ့။
ရှိုင်းသွင်သည် ကြက်ဥနှစ်လုံးပြုတ်ကာ ပေါင်မုန့်ကြမ်းတစ်ချပ်အားထုတ်ပြီး ဘေးဘက်အညိုရောင်အသားများကို ဖယ်ပစ်လိုက်သည်။ ထို့နောက် ထောပတ်သီးတစ်လုံးအား ခွဲ၍ အသားများကို လှီးစိတ်ကာ ပန်းကန်ထဲစီထည့်သည်။ ပြီးနောက် ပေါင်မုန့်ကြမ်းနှစ်ချပ်ကိုထည့်သည်။ ကြက်ဥပြုတ်ရသည်နှင့် အခွံသေချာနွှာကာ အနှစ်များကိုဖယ်ပြီး အကာကိုသာယူ၍ ပေါင်မုန့်ချပ်ပေါ်တင်ပေးလိုက်သည်။ အသေအချာ ကျိုထားသော နွားနို့အား ဖန်ခွက်ထဲသို့ပြောင်းထည့်ပေး၍ မင်းဒသအတွက် မနက်စာပြင်ပေးထားလိုက်သည်။
သူကိုယ်တိုင်ကတော့ အိမ်ရှေ့သို့ထွက်၍ ခြံတံခါးကြား၌ ညှပ်ထားခဲ့သော သတင်းစာအား သွားယူ၍ အိမ်အပြင်မှ အိမ်ထဲသို့ သတင်းစာဖတ်ရင်း ဝင်လာခဲ့သည်။
"သတင်းဘာထူးလဲ"
အပေါ်ထပ်မှ ဆင်းလာသော မင်းဒသက မတ်တပ်ရပ်ကာ သတင်းစာဖတ်နေသော ရှိုင်းသွင်အား တမင်မေးလိုက်သည်။ အမြဲတမ်း ထိုအတိုင်းပင်...ထိုင်ဖတ်၍ ရရဲ့သားနဲ့ကို အမြဲမတ်တပ်ရပ်ဖတ်တတ်သည့်အကျင့်က ဘာမှန်းကိုမသိ....။
"အင်း...ဘာမှတော့မထူးပါဘူး"
ထိုသို့ပြောပြီး ရှိုင်းသွင်သည် မင်းဒသနှင့်အတူ မီးဖိုချောင်သို့ အတူလိုက်ဝင်လာ၍ နှစ်ယောက်သားက အတူထိုင်ကြသည်။ မင်းဒသက ရှိုင်းသွင်ပြင်ပေးသည့် မနက်စာစားသည်။ ရှိုင်းသွင်ကတော့ ကော်ဖီတစ်ခွက်သာ သောက်လေသည်။
YOU ARE READING
DISO (ရှာဖွေခြင်းဆီသို့)
DiversosDesperately In Search Of Status - Completed (Edited Book Version) Genre _ Action - Romance (BL novel) Cover Art_Kaori ⚠️ Content Warning: This story contains mature themes including consensual adult relationships (18+), LGBTQ+ romance, strong langu...
