(‌Part-5)

3K 205 0
                                    

Unicode
“အပိုင်း-ငါး”

မေ ဦးနောင်နှင့်စကားပြောလို့ပြီး‌ေတာ့ ဖွားတို့
ဆီ မသွားခင်ခြံထဲခဏလမ်းလျောက်နေလိုက်သည်။ ပြောရမယ်ဆို မေရှမ်းပြည်ကို နောက်လကျရင် ဌာနပြောင်းကိစ္စနဲ့ပြောင်းရမှာဖြစ်သည်။

မေက လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်...အဖေတို့ကတော့သူတို့လုပ်ငန်းကို ၀င်ကူစေချင်သည် ဒါကြောင့်ရှမ်းပြည်ကို အပျော်သွားခိုင်းသလိုနဲ့ လုပ်ငန်းသွားလေ့လာခိုင်းတာဖြစ်သည်။ အစကတော့ မေလည်းသွားဖို့ကိုငြင်းမလို့လုပ်‌ေသးသည် နောက်မှဌာနကပြောင်းရွေ့မိန့်ထုတ်လိုက်တော့ ကွက်တိကျသွားတာဖြစ်သည်။

အဖေတို့ပြောသလို လုပ်ငန်းလည်းလေ့လာ ပြောင်းဖို့ရွေ့ဖို့ နေရာသွားကြည့်တာနှင့်ပင် တလတောင်ကြာသွားသေးသည်..တော်ပါသေးရဲ့။ အထက်ကဘာမှမပြောလို့တွေးရင်း တဖြေးဖြေးနှင့် စမ်းချောင်းလေးနားရောက်လာသည်။

ဖွားတို့ကိုလှမ်းကြည့်လိုက်တော့ ကုက္ကိုပင်အောက်ကခုံတန်းလေးပေါ်ထိုင်နေကြပြီး ဖွားလက်ထဲမှာခုနကယူသွားတဲ့ ဆေးလိပ်ကြီးကိုရှိုက်နေပြီး ဖိုးကတော့ပုတီးစိပ်နေသည်။ အင်းအခုဌာနပြောင်းကိစ္စကို ဖွားတို့ကိုဘယ်လိုပြောရပါ့မလဲ ဖွားတို့ကတော့မပြောင်းစေချင်တာ သေချာသလောက်ရှိသည်။

"ဟူး"

မေသပ်ပြင်းခပ်ဖွဖွချလိုက်သည်။ ဘယ်လိုပဲဖြစ်ပါစေလေ ဟိုမှာမမမြိုင်လည်းရှိသည်မို့ မေစိတ်ချမ်းသာသည် ဒါကြောင့်ရအောင်ပြောရမည်ဟု ကိုယ့်ကိုကိုယ်အားပေးကာ ဖွားတို့ဘက် ဆက်လျောက်သွားလိုက်သည်။

"ဖွားဆေးလိပ်‌ေတ‌ွအရမ်းမသောက်ပါနဲ့ အသက်အရွယ်ကကြီးနေပြီလေ"

ဟုပြောရင်းဖွား‌ေဘးနား၀င်ထိုင်လိုက်သည်။ ဖွားကဆေးလိပ်ကြီးကို ဘေးချကာပြောလာသည်။

"သမီးမေရယ် ဖွားကတခါတလေလေးတစ်ရှိုက်နှစ်ရှိုက် ရှိုက်တာပါကွယ် အမြဲသောက်မနေပါဘူး ဒါနဲ့တူ၀ရီးတွေ စကားပြောပြီးကြပြီလား"

"ဟုတ်ကဲ့ ပြောပြီးပြီဘွား အခုမေအဖွားတို့ကိုပြောပြစရာရှိတယ်...မေဌာနပြောင်းမိန့်ကျထားလို့ ရန်ကုန်ကနေ ရှမ်းပြည်ကိုပြောင်းရမယ်"

မေ့ရဲ့မမမြိုင်Where stories live. Discover now