(Part-45)

1.4K 129 0
                                    

Unicode
"အပိုင်း-လေးဆယ့်ငါး"

စက္ကူကြောင့် မီးအားပြင်းပြင်းနဲ့လောင်ကျွမ်း‌ေနသည့် မီးတောက်ကိုကြည့်ပြီး အတွေးများပြည့်လျံနေသည်ကို မေတစ်ယောက်သာသိပါလိမ့်မည်။

အချိန်အခါဆိုတာမသိနိုင်ပါလားဆိုသည့် အဖွားပြောပြောနေတတ်သော ထိုစကားဟာ ဒီတစ်ခါတွင်တော့ရင်ပူစရာပင်။ သူများမသိလျှင် မေ့အဖြစ်ဟာ ဇနီးသည်ကိုစိတ်မချနိုင်ပဲ စိတ်ဆင်းရဲစွာဖြင့် ‌ေရှ့တန်းကိုစစ်တိုက်ထွက်ရမည့်စစ်သားလိုပင်။

ဟုတ်သည်။ မြိုင်ဟာ မေ့ဇနီးသည်ပင်။ အချိန်အခါတွေကောင်းသွားလျှင် ရှမ်းပြည်ကိုပြန်လာပြီး ဘ၀တစ်လျှောက်လုံးအတူနေချင်မိသည့် လက်တွဲဖော်ကလေးဟာမြိုင်ပင်။

တဖျစ်ဖျစ်နှင့်မြည်နေသည့်မီးတောက်ဟာပို၍‌အားကောင်းလာသည်နှင့်အမျှအနွေးဓာတ်လဲပိုလာသည်။ တောင်တန်းကြီးတွေကြားကထင်းရှူးပင်ကြီးတွေဟာလဲ ဖြောင့်တန်းစွာဖြင့် ရပ်တည်နေသည်။ မြူမှုန်ကလေးများမှာလည်း နတ်သူငယ်တွေအလား။

ထိုသို့မီးပုံနားထိုင်ပြီးအတွေးပွားနေတုံး မောင်နိုင်းတစ်ကောင်းရောက်လာကာတိုးတိုးဖြင့်လာပြောသည်။

"မိမေ နင်အမရီကို တကယ်ယူမှာလား"

အိုဒီစာကလေးနှယ် ထစ်ခနဲရှိဒါပဲမေးနေတော့တာပဲဟုမေတွေးမိသည်။ သို့သော် ပြန်ဖြေရသည်ကိုလဲနှစ်ခြိုက်ပါသည်။ မြိုင်ဟာမေ့၏ဆိုင်သူလေးဆိုတာကိုတလောကလုံးအားပတ်ကြွားပစ်ချင်သည်။

"အေး ဘာဆန်းလို့လဲ အရေးခင်းပြီးတာနဲ့ ငါယူမှာ"

ဟုပြောတော့မောင်နိုင်းဟာ နီနေသည့်သူ၏နှာခေါင်းကိုပွတ်ပြီးရီသည်။

"ဟားဟား ငါတော့...
မင်းမှမချစ်ရင် လူပျိုကြီးပဲ‌လုပ်တော့မယ် ဆိုတဲ့ သီချင်းတောင်သတိရသွားပြီငါ့နှယ်"

"အေးဟုတ်နေတာပဲလေ တို့နိုင်းငယ်လေးကလူပျိုကြီးဘ၀နဲ့အရိုးထုတ်ရမှာဆိုတော့ အရေးခင်းပြီးတာနဲ့ ဘုန်းကြီး၀တ်လိုက်ပါတော့ကွယ် မကောင်းဘူးလား"

မေ့ရဲ့မမမြိုင်Where stories live. Discover now