(Part-50)

1.3K 106 2
                                    

Unicode
"အပိုင်း-ငါးဆယ်"

"‌အန်တီကမမမြိုင်ရဲ့အမေလား"

ဟုမေးလိုက်တော့ အေးခဲသွားသည့်မျက်နှာကြောင့်စကားမှားပြီလားဟုမေတွေးမိသည်။ ရုတ်ချည်းဆိုသလိုပင် အန်တီစိန်မွမ်းမက်တပ်ရပ်လိုက်သည်။ ထို့နောက်မေ့ကိုအေးစက်စွာဖြင့်မေးလာသည်က

"ဘာလုပ်ဖို့လဲ"

"မေသိချင်လို့ပါ ပြီးတော့ အန်တီနဲ့ဦးလေးနောင်တို့ကသူငယ်ချင်းဆိုတာမေကြားမိတယ် ဒါကြောင့်မေးတာပါ"

ဟုဖြေတော့မှ စိတ်အေးစွာဖြင့် အန်တီစိန်မွမ်း ပြန်ထိုင်ချလိုက်သည်။ ထို့နောက်

"စိုင်းနောင်နဲ့သမီးမေနဲ့ကဘာတွေလဲ"

ဟုပြန်မေးခွန်းထုတ်လာသည့် အန်တီစိန်မွမ်းကြောင့် အနည်းငယ်အံ့ဩမိသည်။

မေးခွန်းတွေမမေးပဲ အမှန်တိုင်းဖြေလိုက်လျှင်ဘာများခက်လို့လဲဟုမေတိတ်တိတ်ကလေးတွေးမိသော်လည်း

"‌ဦးနောင်နဲ့ မေနဲ့ကတူ၀ရီးတွေပါ"

ဟုပြောတော့ အေးစက်နေသည့်မျက်၀န်းတို့ဟာ ပြန်လည်နွေးထွေးလာသလိုပင်။ ယခုမှသတိထားမိသည့် မြိုင့်၏မျက်လုံးကလေးများဟာအန်တီစိန်မွမ်းထံမှ အမွေရထားတာပင်ဖြစ်မည်ဟု။

"အော် ဒါဆိုငယ်ငယ်က ကလေးလေးက ဒီက မေပေါ့..ကဲပါ အန်တီအချိန်ထပ်မဖြုံးတော့ဘူး။

မြိုင်နန်းရီဆိုတဲ့ ကောင်မလေးက အန်တီ့...အင်း...သမီး မရချင်ပဲရလာတဲ့ ရင်သွေးပေါ့ အခုတော့ မတွေ့ရတာကြာပင်မဲ့လည်း ကောင်မလေးကသူ့အဖေနဲ့တူတော့ အဆင်ပြေမှာပါ"

ဟုပြောချလာသည့် အန်တီရဲ့တိုးတိုးဖွဖွနောက်ဆက်တွဲစကား‌ေတွကြားမေဆွံအသွားခဲ့ရပါသည်။ ဒါဟာအမေတစ်ယောက် မိခင်တစ်ယောက်စီကထွက်လာသည့်စကားများပင်။

"မမမြိုင်ကို အန်တီ ဘယ်အရွယ်တည်းကမတွေ့ဖြစ်တာလဲ"

ဟုနီရဲနေသည့်မျက်၀န်းများနှင့်မေ မေးလိုက်သည်။ မည်သို့ပင်မုန်းတီးပါစေ သမီးဟုတောင်အသိအမှတ်မပြုပေးသည့် အမျိုးသမီးနှင့် အမေဟုရဲရဲ၀င့်၀င့်ခေါ်ခွင့်မရခဲ့သည့် မြိုင့်အားမေသနားမိသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now