(Part-34)

1.9K 132 9
                                    

Unicode
"အပိုင်း-သုံးဆယ့်လေး"

ရန်ကုန်မြို့ကြီးရှိ လမ်းမကြီးထပ်တွင် လူအများ သွားလာနေကြသည်။ လမ်းမကြီးထပ်တွင် သတင်းစာအော်ရောင်းနေသူက ရောင်း  နေပြီး မုန့်များကို ဗန်းကြီးကြီးဖြင့်ရွက်ကာ လမ်းမကြီးတစ်လျှောက်သွားနေသည့် ဈေးသည်အဒေါ်ကြီးများကိုလဲ ခပ်လှမ်းလှမ်းမှမြင်နေရသည်။

ဒီနေရာကို ဘယ်နှစ်ခေါက်မျှရောက်ဖြစ်နေသလဲဆိုတာမောင်နိုင်းတစ်ယောက်လက်ချိုး၍တောင် ရေတွက်လို့မရနိုင်တော့။

သာမန်အားဖြင့် ဆေးလိပ်သောက်လေ့မရှိ။ သို့သော် ဒီနေ့လိုရက်များတွင် မောင်နိုင်းတစ်ယောက် အလွန်သောကရောက်နေရသည်။ မိဘ၊ သူငယ်ချင်းတွေရှေ့သွားပြောလို့မရသော ကိစ္စကိုရင်မှာပိုက်ထားရသည့်အပြင် နှလုံးသားမှာလည်း အသက်မရှင်တော့သည်မှာ...သီတင်းပတ်နှစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။

သက်ပြင်းတချချဖြင့် ကျောင်း၀န်းထဲရှိ သစ်ပင်ကြီးအောက်တွင် လက်ထဲမှာဘားမားဆေးပေါ့လိပ်အားမီးညှိပြီး နှာခေါင်းနှင့်နှုတ်ခမ်းပါးပါးကြားမှ အလုအယက်ပြေးထွက်သွားသည့် ဆေးလိပ်ငွေ့တွေကိုကြည့်နေတုံး အာရုံထဲရုတ်တရက်ပေါ်လာသည့်သူမ။

သူမအဆင်ပြေနေမလား။

သူမပျော်နေပြီလား။

သူမ...သူမချစ်ရသူနဲ့ အဆင်ပြေနေပြီလား။

ဟုတွေးမိပြန်တော့ ဖိစီးနေသည့်မျက်၀န်းအစုံတို့မှာမြူစိုင်းကုန်သည်။ ယောင်္ကျားလေးဖြစ်ပါလျက် သူဟာ ထိုမိန်းကလေးအတွက်နှင့်ဆိုလျှင် မျက်ရည်လွယ်သည်။ ယခုလည်း မဆိုင်လိုက်ရသည့် မိန်းကလေးကိုသတိရနေရသည်မှာ ၀ဠ်ကြွေးတစ်ခုလားဟုသာ သူတွေးနေမိသည်။

"ဟူး..."

"ဗျိုး ကိုယ့်လူ ဘာတွေသက်ပြင်းတစ်ချချဖြစ်နေရတာတုံး လူပျိုကြီးရဲ့ မင့်ပုံစံကြည့်ရတာ မာလာဆောင်ကသရဲကြီးနဲ့တောင်တူနေပြီကွာ"

ဟုပြောကာ ဘေးတွင်လာ၀င်ထိုင်သော နိုင်းတို့ကျောင်းသားဘ၀၊ ငယ်ငယ်ကကျောင်းနေဖက် ဟန်လင်းဆိုသူ။ ဒီကောင်ဟာ ငယ်ငယ်ကအတိုင်းရုပ်ကအစ မည်သည့်အရာမျှ ပြောင်းလဲသွားခြင်းမရှိ။ တရုတ်လူမျိုးစပ်ဖြစ်သဖြင့်  အသားဖြူဖြူ မျက်စိမှေးမှေးနှင့် အနည်းငယ်ထက်သလို စကားပြောရာတွင်ပွင့်လင်းသဖြင့် ‌ေကျာင်းသားဘ၀ကဆိုလျှင်အမြဲလိုလိုသူများအား သွားစပြီးရန်ဖြစ်ရသည့်ပွဲတွေမှာလည်း မနည်းမနှော။ ထို့ကြောင့် အတန်းထဲတွင် ဟန်လင်း၏နာမည်ပြောင်မှာဗိုလ်ကြီးဟန်ဖြစ်သည်။ ယခုလို ဗိုလ်ကျလွန်း၍ ဗိုလ်ကြီးအဆင့်ဖြစ်နေသူ ဟန်လင်းမှာယခု...

မေ့ရဲ့မမမြိုင်Where stories live. Discover now