(Part-8)

2.6K 182 0
                                    

Unicode
အပိုင်း-ရှစ်”

မေအိမ်ကနေ ကားဂိတ်ကို နာရီ၀က်လောက် လမ်းလျောက်သွားလိုက်ရသည်။ ဒါ‌ေြကာင့် အိမ်နဲ့ကားဂိတ်ဟာ အတော်လှမ်းသည်လို့ ပြောရမည်။ ဒါပင်မဲ့ တော်ပါသေးရဲ့ နေကအရမ်းမပူလို့ နေပါပူရင် သွားရတဲ့ခရီးက မလွယ်ပြီးတော့ မေကလဲပူအိုက်နေတာကိုမကြိုက်။ ချွေး‌ေတွထွက်နေရင် နေရတာကော တခြားလုပ်စရာရှိတာတွေလုပ်ရင်လည်း အတော်စိတ်ရှုပ်စရာကောင်းသည်မို့ပင်။

ကားဂိတ်ကိုရောက်ရော လမ်းမကြီးဘက်ကို တချက်ဝေ့ကြည့်လိုက်တော့ လူလဲသိပ်မရှိ။ အော်အခုမှသတိရတယ် ‌ဒီလိုနေ့လည်အချိန်ကြီး ဘယ်သူတွေက အပြင်သွားကြမလဲလေ။

အတွေးတွေကိုရပ်ပြီး အိတ်ထဲက ပိုက်ဆံတစ်ရာကို ထုတ်ထားလိုက်သည်။ စာတိုက်ရုံးဆီကို နှစ်မှတ်တိုင် သုံးမှတ်တိုင်လောက်တော့ သွားရမည်ဖြစ်သည်။ ပိုက်ဆံထုတ်ပြီးပြီးချင်းပဲကွက်တိ စပယ်ယာရဲ့အသံနဲ့အတူ ၃၈ဗိုက်ပူကြီးပါ ရောက်ချလာလေသည်။ မေစီးရမှာက လိုင်းနံပါတ်၃၈ အ၀ါကားကြီးဖြစ်သည်။

"ဗျို့စာတိုက်×××××
ဘယ်သူလိုက်အုံးမလဲဗျို့"

မေ စယ်ပယာအော်သံအဆုံး ကားပေါ်ပြေးတတ်သွားလိုက်ပြီး ထိုင်စရာခုံလိုက်ရှာလိုက်သည်။ ဟောတွေ့ပြီ ပြတင်း‌ေပါက်‌ေဘးနားမှာ နေရာလွတ်နေသည်မို့ ၀င်ထိုင်လိုက်သည်။

"ကဲဘယ်သူလိုက်အုံးမလဲဗျို့...
မလိုက်တော့ဘူးဆိုရင် မောင်း‌ေတာ့ဆရာရေ"

စပယ်ယာရဲ့အသံအဆုံး ကားကြီးဟာတစ်ပြိုင်ထဲမောင်းထွက်လာသည်။ တဆက်တည်းအနားကို‌ေရာက်လာတဲ့စပယ်ယာ၏အသံ...

"ဗျို့ဟိုရှေ့ကအမကြီး ကားခ‌ေလးနဲ့ ဘယ်ကိုသွားမှာလဲ"

မေ‌ေရှ့ကလူကို ပိုက်ဆံတစ်ရာ‌ေပးလိုက်ပြီးသွားမည့်နေရာကို ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"စာတိုက်"

"စာတိုက်ကို နင်းထားဆရာရေ"

ဆယ့်ငါးမိနစ်ခန့်ကြာသော်

အခုရုံးရှေ့ကိုရောက်ပြီမို့ ခက်သွက်သွက်အထဲထဲကို၀င်သွားလိုက်သည်။ ရုံးထဲရောက်တော့အထဲမှာလူတော့သိပ်မများ ဒါ‌ေြကာင့်လွတ်နေသည့်ဘက်ကိုသွားပြီးစာကိစ္စ‌သွားလုပ်လိုက်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now