Unicode
“အပိုင်း-တစ်ဆယ့်တစ်”မေအခန်းတံခါးပိတ်ကာ မီးဖိုချောင်ထဲသို့တန်းသွားလိုက်သည်။ မီးဖိုချောင်အ၀နားရောက်တော့ ရှမ်းခေါက်ဆွဲအနံ့ ေမွှးမွှေးလေး နဲ့အတူ ထမင်းစားပွဲမှာ ရေနွေးကြမ်းသောက်ရင်း ငုတ်တုတ်ကြီးထိုင်နေသည့်အဖေနဲ့
ပန်းကန်တွေလိုက်ချနေသည့်အမေ့ကိုတွေ့သည်။မေရပ်ကြည့်နေတာကိုအမေမြင်သွားသည့်ပုံပင်။
"သမီးလေးလာလေ"
"ဟုတ်"
"လာဒီမှာထိုင်"
"ဟုတ်"
အမေ့ဘေးမှာ ၀င်ထိုင်လိုက်သည်နှင့် အဖေ့ဘက်ကအသံထွက်လာသည်။
"ကဲစားကြမယ်"
အဖေ့စကားဆံုးသည်နှင့် ထမင်းပန်ကန်ဘေးရှိ တူအားကိုင်ရင်း အမေ့လက်ရာရှမ်းခေါက်ဆြဲပူပူေလးကို သေချာအရသာခံရင်း စားနေမိသည်။ အမေ့လက်ရာဟာ ဘယ်တော့မှမရိုး အရင်အတိုင်းပဲအစပ်အဟပ် ပနံသင့်လို့နေသည်။
ခေါက်ဆွဲစားရင်း ဘေးပန်းကန်လုံးသေးေသးလေးထဲရှိ ဟင်းရည်လေးကို သောက်လိုက် ခေါက်ဆွဲလေးစားလိုက်နှင့် ဒီကနေ့ညစာကတော့အတော်ကိုအရသာရှိလှသည်။ ရှမ်းစာစားနေတော့ ရှမ်းပြည်ကိုတောင် သတိရသွားသလိုပင်။ မေသွားနေသည့် ကာလများမှာ မမမြိုင်သည် မေ့ကိုတခါတလေ ရှမ်းခေါက်ဆွဲလုပ်ကျွေးတတ်သည်။ မမမြိုင်က ရှမ်းပြည်မှာနေတာကြာပြီမို့လို့လားမသိ ရှမ်းချဉ်ကအစ၊ စားလို့အလွန်ကောင်းသည်။
အတွေးကောင်းကောင်းနဲ့စားရင်း ပန်းကန်လုံးတောင် ပြောင်သွားပြီဖြစ်သည်။ အဖေနဲ့အမေ့ကိုကြည့်တော့ စားလို့မပြီးသေးသဖြင့် မေပဲအရင်ထသွားကာ စားပြီးသားပန်ကန်နှင့်တူများကို ဘေစဉ်မှာဆေးပြီး ေရစစ်ထားလိုက်သည်။
ပန်းကန်ဆေးလို့ပြီးတော့ ထမင်းစားပွဲဝိုင်းဆီ အချိုပွဲနှင့် ရှမ်းပြည်ကအပြန်ပါလာသည့်လက်ဖက်ခြောက်ခတ်ထားသည့်ရေနွေးကြမ်းပါ လင်ဗန်းငယ်ကို ပြန်ယူလာလိုက်သည်။
YOU ARE READING
မေ့ရဲ့မမမြိုင်
Romance🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...