(Part-60)

1.3K 106 0
                                    

Unicode
"အပိုင်း-‌ေြခာက်ဆယ်"

နေပူကျဲတောက်ကြီးထဲ ရွှေတိဂုံဘုရားရှေ့တွင် လူအများကြီးမှ တစ်သွေးတစ်သံဖြင့် ဒီမိုကရေစီရရှိရန်အတွက် တောင်းဆိုနေကြသည်။ နေလည်ဆယ့်နှစ်နာရီကျော်တွင်နေမင်းဟာ ခေါင်းတည့်တည့်လောက်တွင်ရှိသည်။ ထို့အတူ သပိတ်အင်အားစုများအား ချိန်ထားသည့် သေနတ်များလဲရှိနေသည်။ လမ်းမကြီးထပ်တွင်လည်း ရေလောင်းချထားပင်မဲ့ မခြောက်သေးသောသွေးကွက်မျာ၊ ဆေးနီနီတို့ဖြင့်ရေးဆွဲထားသည်လားဟုအောက်မေ့ရလောက်အောင်အထိ ရဲရဲနီနေသည့် ကတ္တရာလမ်းမကြီးထပ်တွင် မနေ့တနေ့ကမှ ဖုံးလွှမ်းခံလိုက်ရသောကျောင်းသား သို့မဟုတ် ပြည်သူလူထု၏ အားမန်များအပြည့်နှင့် အသက်ပေးသွားကျသည့် ဝိညာဉ်များဟာ လွတ်မြောက်နိုင်မည်မထင်သေးပါ။

ရွှေတိဂုံဘုရားရှေ့ရှိ လူတန်းကြီးတွင် ဌာနပေါင်းစုံက လူများပါ၀င်သည်။ ရှေ့နေများ၊ ငွေစာရင်းဌာနကလူများ၊ ကျောင်းသားလေးများ၊ အနုပညာရှင်စာရေးဆရာများ၊ ပြည်သူများ လူပေါင်းစုံပါ၀င်ကာ

"စစ်အာဏာရှင်အား အလိုမရှိ!"

ဟုတစ်ညီတညွှတ်တည်း သံပြိုင်ရွတ်ဆိုရင်း အင်းယားဘက်သို့တဖန်ပတ်ကြသည်။

နေ့လည်တစ်နာရီခွဲခန့်...

လူတော်တော်များများ၏ မျက်၀န်းများရဲရဲတောက်လျှက်ရ‌ှိသည်။ နေပူရှိန်ကြောင့်ပင်ပန်းနေကြသော်လည်း အားမာန်အပြည့်နှင့်

"ဒီမိုကရေစီရရှိရေးဒို့အရေး ဒို့အရေး!"

ဟုအစချီ၍ ဆက်လက်သပိတ်မှောက်နေဆဲပင်။ ထို့နောက်ခဏနား‌ကြကာ သပိတ်အဖွဲ့တစ်ဖွဲ့မှ ပန်းခွေများအား အင်းယားကန်ထဲမျေှာနေကြသည်။

ပန်းဖြူဖြူတို့ဖြင့်လုပ်ထားသည့် ပန်းခွေလေးထပ်တွင် ကျ‌ဆုံးလေပြီးသော မောင်×××ဟုရေးထားသည့် စာတန်းကလေးများကို‌လည်းမေတွေ့နေရသည်။ ရေပြင်ထဲကူးလွင့်သွားသည့် ပန်းခွေကလေးများဟာ လေလှိုင်းလေးနှင့်အတူ ရေကိုဆန်တက်သွားသည်ကို ငေးနေတုံးနောက်မှ အသံထွက်လာသည်မို့ကြည့်လိုက်တော့ ‌မောင်နိုင်းပင်။

မေ့ရဲ့မမမြိုင်Where stories live. Discover now