(Part-57)

1.2K 119 0
                                    

Unicode
"အပိုင်း-ငါးဆယ့်ခုနှစ်"

အတိတ်ကရီစရာအချိန်လေးတွေဟာ အဖြူစင်ဆုံးပင်ဖြစ်သည်။ ငယ်ဘ၀ဟာ တန်ဖိုးအထားသင့်ဆုံး အမှတ်တရများစွာ ပိုင်ဆိုင်ခဲ့ဖူးသည့် အခိုက်အတန့်ငယ်လေးပင်။ ကြည်လင်နေသောမျက်လုံးများ နားရွက်ချိတ်မတက်ပြုံးပျော်ခဲ့ရသော အချိန်လေးများကို မေပြန်ရချင်လျှင် ရှမ်းပြည်က အချစ်ကလေးထံပါးခစားလျှင် တစ်သက်စာ ရယူနိုင်ပါသည်။

မေနှင့်မောင်နိုင်းတို့ရှမ်းပြည်မှာမခံစားခဲ့ရသော မိုး၏အငွေ့အသက်တို့အား ၀ရံတာလေးအောက်ထိုင်ရင်း မိုးစက်တို့ကြား နှလုံးသားတို့၏ပိုင်ရှင်များအားသတိ‌ရနေသည်ကို မိုးမင်းကြီးတော့သိပါလိမ့်မည်။

ကောင်းကင်ပြာပြာအားမမြင်ရတော့။ ညိုပိန်းကာ မဲမှောင်နေသောတိမ်မဲများသာအာကာယံတခွင် မင်းမူနေလေသည်။ မြေပြင်ပေါ် အရှိန်အဟုန်ပြင်းပြင်းဖြင့် အလုအယက် ခုန်ဆင်းနေသော မိုးစက်တို့ဟာ အေးမြသလို ရင်ထဲက တေးသံတို့အား သီးကျူးနေသည့်အလား။

"မောင်နိုင်း နာရီပေါ်ကမျက်ရည်စက်များသီချင်းတိတ်‌ေခွရှိလား"

ဟုမေတစ်ယောက် မိုးသားတို့အားကြည့်နေရင်း နံရံဖြူဖြူအား မှီကာမေးလိုက်သည်။

"အေး ခဏစောင့်"

ဟုဆိုကာ အနီးက ခုံတန်းရှည်ပေါ် ယွန်းအရုပ်များနှင့်တွဲကာတင်ထားသည့် ကပ်စက်မဲမဲလေးအနားရှိ ခြင်းတောင်းထဲ အစီအရီထည့်ထားသည့် တိတ်ခွေများအား မောင်နိုင်းရွေးနေသည်။ ထို့နောက် ရှာနေသည့်အခွေလေးအား ကပ်စက်လေးထဲထည့်ကာ ခလုတ်လေးနှိပ်လိုက်သည်။

မိုးစက်တို့နှင့်အတူ အအေးဓာတ်ပါလွှမ်းခြုံလာသည်။ ထို့ကြောင့်လည်ပင်းတွင်ပတ်ထားသည့် မြိုင့်ပုဝါလေးအားနှစ်နဲစွာ နမ်းရှိုက်တော့ နွေးထွေးလွန်းသည့် မြိုင့်ကိုယ်သင်းနံ့‌ေလးဟာ နှာဖျားထံလာရောက်ကျီစယ်သည်။

•••

"နာရီသံတွေဆူညံလွန်းတယ်...
ရင်ခုန်သံတွေမြန်တယ် အချစ်ရေ...

မေ့ရဲ့မမမြိုင်Where stories live. Discover now